ဒေါ်လာ သန်း ၁၆ဝတန် ကမ္ဘာ့အကြီးဆုံး နီလာပတ္တမြား

sapphire-large.jpg

သီရိလင်္ကာနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး နီလာပတ္တမြား အပြာရောင် တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ Blue Star Sapphire လို့ အမည်ပေးထားပြီး အလယ်မှာ ကြယ်ပုံသဣာန် အရောင်လက်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ယင်း ပတ္တမြား ဟာ ၁၄၀၄ ကာရက်ရှိပြီး စံချိန်ချိုး ထုထည်နဲ့အလေးချိန် ရှိတဲ့ ကျောက် ဖြစ်ပါတယ်။ ယင်းကျောက်ကို ဝယ်ယူလိုက်တဲ့ သူဌေးတစ်ဦးဟာ ဈေးဘယ်လောက်နဲ့ ဝယ်ခဲ့တယ်ဆိုတာကို မထုတ်ဖော်ပြောပါဘူး။ ဒါပေမယ့် သူပြန်ရောင်းမယ်ဆိုရင် လက်ရှိ ပေါက်ဈေးအားဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကနေ အမြင့်ဆုံး သန်း ၁၆၀ အထိ ရနိုင်ကြောင်း မှတ်ချက်ပေးကြပါတယ်။ ယင်း ကျောက်ကို လက်ရှိပိုင်ရှင်ဟာလည်း ရောင်းမှာ မဟုတ်ပါဘူး။ သီရိလင်္ကာနိုင်ငံရဲ့ အဖိုးတန် ပစ္စည်းတစ်ခုဖြစ်တာကြောင့် သူ့အနေနဲ့ ပြတိုက်တစ်ခုသို့ ပေးရန်သာ ရှိကြောင်း ဆိုပါတယ်။

ယင်း Sapphire ကို လက်ဝတ်ရတနာပစ္စည်းဖြစ်အောင် ပြုလုပ်ဖို့ရန်ကလည်း အင်မတန်ကြီးလို့နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံတောင်ပိုင်း Ratnapura မြို့မှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းမြို့ဟာ သီရလင်္ကာရဲ့ အဖိုးတန် တွင်းထွက်များ အများဆုံးထွက်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Ratnapura ဟာလည်း ကျောက်မြတ်ရတနာများ မြို့တော်လို့ သီရိလင်္ကာ ဘာသာစကားဖြင့် ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ထို ကမ္ဘာ့အကြီးဆုံး နီလာ ပတ္တမြား အပြာရောင်ကို Star of Adam လို့ အမည်ပေးထားပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top