အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့အတူ ကွာရှင်းပြတ်စဲပြီးစီးခြင်းပါတီကျင်းပခဲ့တဲ့ အမျိုးသမီး

13.11.23-yyl-1.jpg

အသက် ၂၈ နှစ်အရွယ် အီမာ အက်မင်ဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့အိမ်ထောင်ရေးအဆုံးသတ်လိုက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ပါတီတစ်ခုကျင်းပခဲ့ပါတယ်။ အခုနှစ်အစောပိုင်းမှာ ကွာရှင်းပြတ်စဲပြီးသွားတဲ့နောက်မှာ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်း အယောက် ၃၀ နဲ့ ပါတီပွဲကျင်းပခဲ့တာပါ။ လာရောက်တဲ့ဧည့်သည်တော်တွေကို Taylor Swift-inspired ကိတ်နဲ့ ဧည့်ခံခဲ့တာပါ။ အီမာက နောက်တွေ့ရှိမယ့် ခင်ပွန်းအသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ “Question Mark” သင်္ကေတလက်စွပ်ကို ဝတ်ဆင်ခဲ့ပါတယ်။

အီမာဟာ ပါတီကျင်းပခဲ့တဲ့ညက အပြီးပြည့်စုံညဖြစ်ပြီး အပျိုပါတီညလိုပါပဲတဲ့။ သတို့သမီးလို လက်ကိုင်ပန်းစီးလည်းရှိခဲ့ပြီး ကွာရှင်းမယ့်သူ နောက်ထပ်ကို ပစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ Question Mark လက်စွပ်က သူ အဆုံးမသတ်သေးဘူးဆိုတာ၊ နောက်ထပ်လက်ထပ်ဦးမယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ အီမာက ဆိုပါတယ်။ ပါတီပွဲက ကိတ်ဟာ တေလာဆွစ်ဖ်ရဲ့ Blank Space Music Video ထဲက အသည်းပုံကိတ်ကိုလုပ်ထားပါ။

အီမာနဲ့ သူ့ခင်ပွန်းတို့က အိမ်ထောင်သက် ၃ နှစ်ရှိခဲ့တာပါ။ သူတို့ဆက်ဆံရေးက အချိန်ကြာလာတာနဲ့အမျှ ပြိုပျက်သွားခဲ့တာပါ။

Ref: Woman throws divorce party to celebrate the end of her marriage

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top