အသက်ရှင်လျက် မြေမြှုပ်ခံရတဲ့ ကလေးကို ကယ်ဆယ်ပေးခဲ့တဲ့ မသန်စွမ်း ခွေးလေး

60502581_1340539746097768_5916823023725314048_n.jpg

ခွေးလေးတစ်ကောင်က အသက်ရှင်လျက် မြေမြှုပ်ခံရတဲ့ ကလေးကို ကယ်ဆယ်ပေးတဲ့ ဖြစ်ရပ်တစ်ခု ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဆယ့်ငါးနှစ်အရွယ်မိန်းကလေးတစ်ဦးက ကိုယ်ဝန်ရှိနေတာကို မိဘတွေ သိမှာစိုးရိမ်တာကြောင့် ကလေးမွေးပြီးပြီးချင်း လက်စဖျောက်ပစ်တာဖြစ်တယ်လို့ သိရပါတယ်။

နောင်ခန်ကျေးရွာက လယ်ကွင်းထဲမှာ ပင်ပေါင် ဆိုတဲ့ ခွေးလေးက မြေကြီးကို ယက်ပြီး ဟောင်နေတဲ့အတွက် သခင်ဖြစ်သူ နွားကျောင်းသားနိုင်းအူဆာက သွားကြည့်တဲ့အခါ မြေကြီးထဲကနေ ခြေထောက်တစ်ဖက်ထိုးထွက်နေတာကို သတိထားမိခဲ့ပါတယ်။ ဒါကြောင့် တူးဖော်ကယ်ဆယ်ကာ ရွာထဲကို ပွေ့ချီလာပြီး ရွာသားတွေအကူအညီနဲ့ ကလေးငယ်ကို ချွန်းဖုန်းဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ကလေးငယ်က ယောက်ျားလေးဖြစ်ပြီး ဆရာဝန်ရဲ့ စောင့်ရှောက်မှုအောက်မှာ ကျန်းကျန်းမာမာ ရှိတယ်လို့ သိရပါတယ် ။ ဆေးရုံကတစ်ဆင့် ရဲစခန်းကို အကြောင်းကြားချိန်မှာတော့ ကလေးကို စွန့်ပစ်မှု ၊ လူသတ်ရန်ကျူးလွန်မှုတို့ဖြင့် ကလေးအမေကို တရားစွဲခဲ့ပါတယ်။ မိန်းကလေးရဲ့ မိဘတွေကလည်း သမီးဖြစ်သူကို ဂရုစိုက်စောင့်ရှောက်ပြီး စိတ်ရောဂါပညာရှင်နဲ့ ပြသပေးနေသလို ကလေးကိုပြုစုပျိုးထောင်ပေးချင်လို့ ဆေးရုံကနေ ပြန်တောင်းခဲ့ပါတယ်။ ကလေးအမေကတော့ စွန့်ပစ်ခဲ့မိတာကို နောင်တကြီးစွာ ရမိပါတယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ကလေးကို ကယ်ဆယ်ပေးတဲ့ခွေးလေးပင်ပေါင်ကတော့ မနှစ်က ကားတိုက်ခံရပြီး ခြေထောက်တစ်ဖက်မသန်တော့တဲ့ ခွေးလေးဖြစ်ပါတယ်။ ဒါပေမဲ့ သခင်နွားကျောင်းသားကို အမြဲ ကူညီစောင့်ရှောက်ပေးကာ သခင်အားထားရတဲ့ ခွေးဖြစ်သလို တစ်ရွာလုံးရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။

Ref:BBC “Dog rescues baby buried alive in field in Thailand”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top