အမျိုးသားတစ်ဦးရဲ့ဦးနှောက်ထဲမှာ နှစ် (၃၀) ကြာအောင် ရှိနေခဲ့တဲ့ ကပ်ပါးကောင်

parasite_01.jpg

အမျိုးသားတစ်ဦးရဲ့ဦးနှောက်ထဲမှာ နှစ် (၃၀) ကြာအောင် ရှိနေခဲ့တဲ့ ကပ်ပါးကောင်

တရုတ်နိုင်ငံ၊ လျန်ရှီပြည်နယ်မှာ နေထိုင်တဲ့ အသက် (၅၉) နှစ်အရွယ်အမျိုးသားတစ်ဦးဟာ နှစ် (၃၀) ကြာအောင် ခေါင်းကိုက်ဝေဒနာခံစားခဲ့ရပြီး တစ်ခါတရံ အကြောဆွဲပြီး သတိလစ်သွားတာတွေလည်း ရှိခဲ့ပါတယ်။ မကြာသေးခင်ကမှ ဘာကြောင့် အခုလိုဖြစ်ရလဲဆိုတဲ့ပြဿနာကို အဖြေရှာခဲ့တဲ့အခါမှာ (၁၀) စင်တီမီတာရှည်တဲ့ ကပ်ပါးကောင်က သူ့ရဲ့ဦးနှောက်ထဲမှာ ရှိနေခဲ့ပါတယ်။

ကပ်ပါးကောင်က အဲဒီအမျိုးသားရဲ့ဦးနှောက်ထဲမှာ ရှိနေခဲ့တာကြောင့် သူက ရောဂါဝေဒနာခံစားခဲ့ရပါတယ်။ ၁၉၈၉ခုနှစ်မှာစပြီး သူဟာ သတိလစ်သွားခဲ့ပြီး သူ့ရဲ့ကျန်းမာရေးပြဿနာတွေကို ကုသဖို့ အချိန်အကြာကြီး အဖြေရှာခဲ့ရပါတယ်။ အဲအချိန်တုန်းက ညကတ်ဂိမ်းတစ်ခုကစားနေခဲ့တဲ့တာပါ။ သူက ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့လက်တွေနဲ့ ခြေထောက်တွေက အကြောဆွဲသလိုဖြစ်သွားခဲ့ပြီး သူ့ရဲ့ပါးစပ်မှာ အမြှပ်တွေထွက်လာခဲ့ပြီး သတိလစ်သွားခဲ့တာနဲ့ သူ့ရဲ့မိသားစုက မြို့တွင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

အမျိုးသားတစ်ဦးရဲ့ဦးနှောက်ထဲမှာ နှစ် (၃၀) ကြာအောင် ရှိနေခဲ့တဲ့ ကပ်ပါးကောင်

အဲဒီဆေးရုံက သူ့ကို ဝက်ရူးပြန်ရောဂါဖြစ်နေတာဆိုပြီး ဝက်ရူးပြန်ကာကွယ်ဆေးတွေ ညွှန်းပေးခဲ့ပါတယ်။ သူက အဲဒီဆေးတွေကို ပုံမှန်သောက်ခဲ့ပေမဲ့ ပုံမှန်လိုလိုခေါင်းကိုက်တာ၊ သတိလစ်တာတွေ ခံစားရနေတုန်းပါပဲ။ ၂၀၁၅ခုနှစ်မှာ သူဟာ သေခြင်းတရားနဲ့လည်း နီးကပ်တဲ့အထိဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ရွာမှာ မီးလောင်မှုဖြစ်ခဲ့ပြီး အဲဒီအချိန်မှာ သူဟာ အကြောဆွဲသလိုဖြစ်နေခဲ့ပါတယ်။ ကံကောင်းလို့ သူအသက်မသေခဲ့တာပါ။

မီးလောင်ပြီးကတည်းက သူ့ရဲ့လက္ခဏာရပ်တွေက ပိုဆိုးရွားလာခဲ့ပြီး ပြင်းထန်တဲ့ဝေဒနာတွေကို လတိုင်းခံစားခဲ့ရပါတယ်။ အခုလိုဖြစ်နေတဲ့အကြောင်းအရင်းကို အဖြေရှာဖို့ ဆေးရုံတော်တော်များများကို ပြခဲ့ပြီး ဝက်ရူးပြန်ရောဂါလို့သာ အဖြေရှာတွေ့ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဦးခေါင်းကို MRIရိုက်ကြည့်တဲ့အခါမှာ သူ့ရဲ့ညာဖက် frontal lobe မှာ ထိခိုက်မှုရှိနေပြီး သွေးစစ်ဆေးချက်ကတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ ကပ်ပါးကောင်တွေရှိနေတာကို ပြနေပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ဦးနှောက်မှာ ကပ်ပါးကောင်တစ်ကောင်ရှိနေခဲ့တယ်လို့ အဖြေရှာတွေ့ခဲ့ပါတယ်။

ဦးနှောက်နဲ့အာရုံကြောအဖွဲ့က အဲဒီအမျိုးသားရဲ့ဦးနှောက်ကို ခွဲစိပ်မှုတွေပြုလုပ်ခဲ့ပြီး (၁၀) စင်တီမီတာရှည်တဲ့ ကပ်ပါးကောင်ကို အောင်အောင်မြင်မြင်နဲ့ ဖယ်ရှားနိုင်ခဲ့ပါတယ်လို့ ကွမ်တုန်းပြည်နယ် 999 Brain Hospital က ဦးနှောက်နဲ့အာရုံကြောဌာနရဲ့ ညွှန်ကြားရေးမှူး ဝူကျီ (Wu Jie) က ပြောပါတယ်။ အဲဒီအမျိုးသားဟာ စမ်းချောင်းက ရေသောက်တဲ့အခါမှာ သူ့ရဲ့ခန္ဓာကိုယ်ထဲကို ကပ်ပါးကောင်က ဝင်လာခဲ့တဲ့ပုံပဲ။ မသန့်ရှင်းတဲ့အစားအစာနဲ့ရေကို သောက်သုံးရင်လည်း ကပ်ပါးကောင်တွေက ကျွန်တော်တို့ရဲ့အရေပြားမှာ ကပ်တွဲနေနိုင်တယ်လို့လည်း ဝူကျီက ဆိုပါတယ်။

Ref: AsiaOne “Worm lived in Chinese man’s brain for 30 years, causing headaches and seizures”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top