အိမ်မွေးခွေးလေးတွေက ပေးတဲ့ဘဝသင်ခန်းစာများ

pet_02.jpg

အိမ်မွေးခွေးလေးတွေက ပေးတဲ့ဘဝသင်ခန်းစာများ

တချို့လူတွေအတွက်တော့ အိမ်မွေးခွေးလေးတွေက သူတို့ရဲ့အဖော်မွန်ကောင်းအနေနဲ့ သတ်မှတ်ကြပါတယ်။ ခွေးလေးတွေက အပြစ်ကင်းကြသလို လူတွေအပေါ် သစ္စာစောင့်သိကြပါတယ်။ ဒါ့အပြင် သူတို့က လူတွေကို စိတ်ပျော်ရွှင်အောင် ပျော်ရွှင်မှုတွေ ဖန်တီးပေးတတ်ပြီး လူတွေဆီက မရရှိနိုင်တဲ့ ဘဝသင်ခန်းစာတွေကိုလည်း ပေးစွမ်းနိုင်ကြပါတယ်။ ကျွန်တော်တို့လို လူသားတွေက အိမ်မွေးခွေးလေးတွေဆီကနေ ဘယ်လိုသင်ခန်းစာတွေ သိရှိနိုင်မလဲဆိုတာကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

အိမ်မွေးခွေးလေးတွေက ပေးတဲ့ဘဝသင်ခန်းစာများ

အိမ်မွေးခွေးလေးတွေက ပေးတဲ့ဘဝသင်ခန်းစာများ

လူတိုင်းက အတူတူပါပဲ

လူတိုင်းဟာ ဘယ်သူကိုမဆို အဆင့်အတန်းမခွဲဘဲ တူညီတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဆက်ဆံရမှာပါ။ ခွေးလေးတွေက အသားအရောင်၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ လူတန်းစားမရွေးမျှတစွာ ခင်မင်တတ်တဲ့အတွက် ဒါက ခွေးလေးတွေဆီက သိရတဲ့သင်ခန်းစာပါပဲ။ သူတို့ရဲ့ချစ်ခြင်းမေတ္တာက ရိုးရှင်းတဲ့အတွက် အပြန်အလှန်အနေနဲ့ လူတိုင်းဆီက ချစ်ခြင်းမေတ္တာရရှိကြပါတယ်။

သစ္စာရှိခြင်း

တိရစ္ဆာန်တွေထဲမှာတောင် အိမ်မွေးခွေးတွေက သခင်တွေအပေါ် ပိုပြီးသစ္စာရှိကြပါတယ်။ သင့်နေမကောင်းဖြစ်လည်း သင့်ကိုဘယ်တော့မှထားသွားမှာမဟုတ်ပါဘူး။ ခွေးလေးတွေက အခြားအရာတွေထက် သစ္စာတရားကိုအလေးထားပါတယ်။ ဒါက ကျွန်တော်တို့ကို သစ္စာတရားထားတတ်အောင် ဘဝသင်ခန်းစာအနေနဲ့ ပြသနေတာပါ။

ဘဝကိုပျော်ရွှင်စွာနေထိုင်ပါ

ခွေးလေးတွေက လက်ရှိမှာ ကောင်းကောင်းနေထိုင်ဖို့နဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းဖို့ လူသားတွေကို သင်ကြားပေးနေတာပါ။ ခွေးလေးတွေက ပျော်ရွှင်နေတတ်ပြီး အဲ့တာကြောင့်ပဲ သူတို့ကိုကြည့်လိုက်ရင် အမြဲလိုလို အမြီးနှံ့နေတာလည်းဖြစ်ပါတယ်။

ဘဝအခက်အခဲတွေကို ရိုးသားစွာ ဖြေရှင်းပါ

ဒါကလည်း အိမ်မွေးခွေးလေးကနေရရှိတဲ့ သင်ခန်းစာတွေထဲက တစ်ခုပါပဲ။ ခွေးလေးတွေက ဗိုက်ဆာရင် သခင်ကိုဟောင်ပြီး အစားတောင်းပါလိမ့်မယ်။ သူတို့က သူတို့လိုချင်တာကို ရိုးရိုးရှင်းရှင်းပဲ တောင်းဆိုကြတာပါ။ အဲဒီလို ရိုးရိုးရှင်းရှင်းပဲ တောင်းပြီး ဘဝအခက်အခဲကို ဖြေရှင်းပါတယ်။

တစ်စုံတစ်ယောက်ကို ပြုံးပျော်ရွှင်ပါစေ

သင့်စိတ်မပျော်ရွှင်တဲ့အခါတိုင်း ခွေးလေးက သင့်ခြေထောက်ကို သူ့နှှုတ်သီးနဲ့ လာထိတာကို သတိထားမိကြမှာပါ။ ဒါက သင့်ကို စိုးရိမ်ပူပန်တယ်ဆိုတာကို ပြသတာပါ။ သူတို့လေးတွေက သခင် အိပ်ယာမနိုးသေးရင်လည်း လာနိုးတတ်သလို အပြင်ကပြန်လာရင်လည်း တံခါးရှေ့မှာစောင့်ပြီး လာကြိုတတ်ပါသေးတယ်။ ဒါက သူ့သခင် ပြုံးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း သိကြပါတယ်။ ဒါကြောင့်မို့ တစ်စုံတစ်ယောက် စိတ်ညစ်တဲ့အခါမျိုးမှာ တစ်နည်းနည်းနဲ့ စိတ်ပျော်ရွှင်အောင် လုပ်ပေးလို့ရတယ်ဆိုတာ သိလာရပါတယ်။

Ref: TOI “5 life lessons that my pet dog taught me”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top