ကြံ့သတ်သမားလို့ သံသယရှိသူတစ်ဦးကို ဆင်က နင်းသတ်ပြီး ခြင်္သေ့များက စားသောက်ခဲ့

56811335_2324918997539007_5362256898005401600_n.jpg

တောင်အာဖရိကနိုင်ငံ ခရူဂျာအမျိုးသားဥယျာဉ်ထဲမှာ ကြံ့သတ်သမားလို့ သံသယရှိခံရတဲ့သူတစ်ယောက်ဟာ ဆင်နင်းခံရပြီး သေဆုံးခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို ခြင်္သေ့တွေက စားသောက်ပစ်ခဲ့ပါတယ်။ သူနဲ့အတူ ခရူဂျာအမျိုးသားဥယျာဉ်ထဲ ဝင်သွားတဲ့ အပေါင်းအပါတွေက ဆင်နင်းခံရလို့ သူ သေသွားတဲ့အကြောင်းကို သူ့မိသားစုထံ အကြောင်းကြားခဲ့ပါတယ်။

သူ့မိသားစုက ဥယျာဉ်လုံခြုံရေးအစောင့်အကြပ်တွေကို အကျိုးအကြောင်းပြောပြပြီး ရှာဖွေခဲ့ရာမှာ လူ့ဦးခေါင်းခွံနဲ့ ဘောင်းဘီရှည် နှစ်ထည် တွေ့ခဲ့ပါတယ်။ ခရူဂျာအမျိုးသားဥယျာဉ်မှာ သားရဲတိရစ္ဆာန်တွေကို တရားမဝင်သတ်ဖြတ်တဲ့ ပြဿနာ ကြုံနေရပါတယ်။ အာရှနိုင်ငံတွေမှာ ကြံ့ဦးချိုဝယ်လိုအား မြင့်တက်လာတာကလည်း တရားမဝင် သတ်ဖြတ်မှုတွေကို တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top