ပွဲတက်ဂါဝန်ကို ကိုယ်တိုင်ဖန်တီး ချုပ်လုပ်ခဲ့တဲ့ အထက်တန်းကျောင်းသူလေး

yyl-013-6.jpg

လူတစ်ယောက်က လက်မှုပညာတစ်ခုခုကို အရမ်းစိတ်ပါဝင်စားရင် မိမိလုပ်ထားတဲ့အရာတစ်ခုကို ချပြလိုက်တဲ့အခါ လူတိုင်းရဲ့အာရုံစိုက်မှုကို ရရှိသွားကောင်းသွားနိုင်ပါတယ်။ အဲဒီလိုပဲ အသက် (၁၇) နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေး ဆီအာရာ ဂန် ဟာ ဘွဲ့ယူအခမ်းအနားအတွက် ပွဲတက်ဂါဝန်ကို သူကိုယ်တိုင် ရေဆေးနဲ့ ပုံဖော်ဖန်တီးခဲ့တာကြောင့် လူအများရဲ့စိတ်ဝင်စားမှုကို ရရှိလို့နေပါတယ်။

ဆီအာရာက တွစ်တာအကောင့်မှာ သူ့ဂါဝန်ပုံတွေကို မျှဝေခဲ့တဲ့အခါမှာ ချက်ချင်းပဲ လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့သွားခဲ့ပြီး မီဒီယာတွေရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ သူ့အသက် (၁၇) နှစ်မှာ ဖိလစ်ပိုင်နိုင်ငံမှာ နေထိုင်တဲ့ဆီအာရာက သူ့ချစ်မြတ်နိုးတဲ့အနုပညာနဲ့ ဘွဲ့ယူအခမ်းအနားကို ပေါင်းစပ်ခဲ့ပါတယ်။ ပွဲတတ်အခမ်းအနားမှာ လှလှပပဝတ်ဆင်နိုင်ဖို့အတွက် ဂါဝန်ကို ဒီဇိုင်းထွင်ပြီး ရေးဆေးပန်းချီနဲ့ ပုံဖော်ဖို့အတွက် အချိန် (၁) လလောက်ယူခဲ့ရပါတယ်။ သူက ဂါဝန်မှာ ပန်းပွင့်ပုံလေးတွေရေးဆွဲဖို့ အမိုက်စားဂါဝန်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

ဆီအာရာက သူကိုယ်တိုင် ဂါဝန်ကို ဒီဇိုင်းရေးဆွဲခဲ့ပြီး ချုပ်လုပ်ခဲ့တာပါ။ အချိန် (၁) လလောက်ယူပြီးဖန်တီးခဲ့တဲ့အခါမှာ အရမ်းလှပတဲ့ဝတ်စုံလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့အတန်းဖော်တွေက သူ ဂါဝန်ကို ဝတ်ဆင်လာတဲ့အခါမှာ မိုက်လွန်းလို့ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဒီဂါဝန်ကို ဖန်တီးဖို့အတွက် သူ့အမေက သူ့ကို တွန်းအားပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်မက အသစ်သစ်တွေကို ဖန်တီးရတာကြိုက်တဲ့အတွက် ဘာလို့မလုပ်နိုင်ရမှာလဲလို့ ကျွန်မတွေးခဲ့ပါတယ်။ ဒါက အထက်တန်းကျောင်းရဲ့ နောက်ဆုံးအခမ်းအနားပွဲကြီးဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းအလုပ်တွေနဲ့ပတ်သက်ပြီး မစိုးရိမ်ဘဲ ဂါဝန်ကို ဖန်တီးဖို့အတွက် အာရုံစိုက်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဆီအာရာက ဂါဝန်ကို ဒီဇိုင်းထွင်ချုပ်လုပ်ဖို့အတွက် တစ်စုံတစ်ယောက်ကို ငှားရမ်းခဲ့ပြီး ဝတ်စုံက သူကြိုက်နှစ်သက်တဲ့ ပုံစံမဟုတ်တဲ့အတွက် သူကိုယ်တိုင် ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူနဲ့သူ့အမေတို့ဟာ အထည်၊ ဂါဝန်ကို ကားကားကြွကြွဖြစ်စေတဲ့အတွင်းခံ၊ Swarovski သလင်းကျောက်တွေကို ဝယ်ယူခဲ့ပါတယ်။ “ကျွန်မနဲ့ ကျွန်မရဲ့အမေက ဂါဝန်ရဲ့ အပိုင်းဆက်တစ်ခုချင်းစီကို တစ်ခုပြီးတစ်ခုချုပ်လုပ်ခဲ့ပါတယ်။ ကျွန်မ Tiger Lily ဆိုတဲ့စာအုပ်ကို မကြာသေးခင်ကမှ ဖတ်ထားတာပါ။ အဲဒါကြောင့် ဂါဝန်မှာ လိမ္မော်ရောင်ပန်းပွင့်တွေကို ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နှင်းဆီပန်းတွေက လှပေမဲ့ ကျွန်မရဲ့ပင်ကိုယ်စရိုက်ကို မထင်ဟပ်စေတဲ့အတွက် နှင်းဆီပန်းပုံကိုတော့ မရေးဆွဲခဲ့ပါဘူး။ ကျွန်မက လိမ္မော်ရောင်နဲ့ အစိမ်းရောင်တွေကို ကြိုက်နှစ်သက်ပါတယ်။ အဲဒီအရောင်တွေက ကျွန်မက ဘယ်သူဆိုတာကို ပိုပြီး ပြောပြနေတာပါ” လို့ ပြောပါတယ်။ ဂါဝန်မှာ ပန်းပွင့်ပုံတွေရေးဆွဲ ပုံဖော်ဖို့အတွက် (၅) ရက်အချိန်ယူခဲ့ရပါတယ်။

“ကျွန်မ ပွဲကို ရောက်သွားတဲ့အခါမှာ ကျွန်မရဲ့အတန်းဖော်တွေထဲက တစ်ယောက်က သူ မြင်နေရတာ ဟုတ်ကောဟုတ်ရဲ့လားဆိုပြီး (၂) ခါတောင် ကြည့်ယူခဲ့ရပါတယ်။ ငါက ဒါကို ရိုက်နှိပ်ထားတယ်မှတ်နေတာလို့ သူက ကျွန်မကို ပြောပါတယ်” လို့ ဆီအာရာက ပြောပါတယ်။ သူ့ရဲ့အနုပညာဖန်တီးမှုက ရှေ့ဆက်လျှောက်မဲ့ လမ်းကြောင်းအတွက် အထောက်အကူဖြစ်စေပါတယ်။လူတော်တော်များများကလည်း အနုပညာလက်ရာတွေဖန်တီးဖို့အတွက် တောင်းဆိုနေကြပါတယ်။

Ref: High School Student Paints Her Own Graduation Ball Dress, Goes Viral When The Internet Sees Her Fabulous Photos

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top