ထောင်ထဲကနေ ဥာဏ်ဆင်ပြီးထွက်လာတဲ့ခင်ပွန်းသည်ကို ဇနီးဖြစ်သူက ထောင်ထဲပြန်ပို့

4D85F5E700000578-5874479-image-a-82_1529677047826.jpg

ကော်လိုရားဒိုး (Colorado) ပြည်နယ်မှာ ထောင်ထဲက ဥာဏ်ဆင်ပြီး ထွက်လာတဲ့ ခင်ပွန်းသည်ကို ဇနီးသည်က ထောင်ထဲပြန်ပို့ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မက်ဆာ (Mesa) စီရင်စုက အကျဉ်းထောင်မှာ ထောင်ပိုင်ရဲ့ သတိပေါ့ဆမှုကို ဂျိမ်းစ် (James) ဆိုသူက ကောင်းကောင်းအသုံးချပြီး ထောင်ကလွတ်အောင် ထွက်သွားခဲ့တာလို့ သိရပါတယ်။ သူက ၃၈ နှစ်အရွယ်ရှိပြီး မေလကုန်ပိုင်းကတည်းက ခြိမ်းခြောက်မှု၊ ပိုင်နက်ကျူးလွန်မှု၊ စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတာပါ။

သူနဲ့ ထောင်တိုက် တစ်တိုက်တည်းက ထောင်သား မာ့ခ်ျ (March) ရဲ့ အကျဉ်းခန်းကို ပြန်လည်ပြင်ဆင်နေတာကြောင့် မာ့ခ်ျဟာ ဂျိမ်းစ်ရဲ့ အက်ဉ်းခန်းထဲ ခဏပြောင်းရွှေ့ပြီးနေခဲ့ရပါတယ်။ ပြဿနာက မာ့ခ်ျဟာ ကိုယ့်အကျဉ်းခန်းကို ပြန်လည်ပြောင်းရွှေ့သွားချိန်မှာ ထောင်အာဏာပိုင်တွေဟာ ပြောင်းရွှေ့မှတ်တမ်းမှာ စာရင်းမဖြည့်မိခဲ့တာပါပဲ။

မာ့ခ်ျရဲ့ ပြစ်ဒဏ်ပြည့်ချိန်ရောက်တော့ ထောင်ကပြန်လွှတ်ဖို့ ထောင်အာဏာပိုင်တွေက ဂျိမ်းစ်ရဲ့ အကျဉ်းခန်းမှာပဲ မာ့ခ်ျကို သွားရောက်ခေါ်ထုတ်ရာမှာ ဂျိမ်းစ်က မာ့ခ်ျရဲ့ လက်မှတ်အတုထိုး၊ ပုံမှားရိုက်ပြီး မာ့ခ်ျရဲ့ အကြွေးဝယ်ကတ်နဲ့ လယ်သာအင်္ကျီတွေကိုပါယူရင်း ထောင်က ခပ်တည်တည်နဲ့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဇနီးသည်နေတဲ့ တိုက်ခန်းကိုပြန်ရောက်တော့ အကျိုးအကြောင်းစုံသိသွားတဲ့ ဇနီးက ဂျိမ်းစ်ကို ချက်ချင်းပဲ ထောင်ထဲ ပြန်ပို့တော့တာပါပဲ။ ဂျိမ်းစ်ဟာ နဂို အမှုဟောင်းတွေအပြင် ထောင်ပြေးမှု၊ လိမ်လည်မှု၊ လက်မှတ် အတုလုပ်မှု၊ ခိုးမှု စတဲ့အမှုသစ်တွေနဲ့ ထပ်ပြီး တရားစွဲဆိုခံရတော့မှာ ဖြစ်ပါတယ်။ ဂျိမ်းစ်တစ်ယောက် ငါးပါးမှောက်တာပါပဲ။ ထောင်အပြင်ဘက်မှာ ၂နာရီသာ နေခွင့်ရခဲ့ပါတယ်။

Ref: dailymail “Wife returns her husband to prison after just two hours when she realizes he has cheated his way to freedom”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top