တင်ကျီး တစ်ဝမ်း ဗျိုင်းတစ်ဝမ်း

little-egret-egretta-garzetta-PKEKTL3.jpg

မြန်မာစကားပုံလေး တစ်ခု ဖြစ်ပါတယ်။ စာလုံးပေါင်းမှားရင်လည်း ခွင့်လွတ်ပါ။ တင်ကျီးလို့ အမည်ရတဲ့ ငှက်ဟာ မိုးပေါ်မှာ ပျံပေမယ့် ရေအောက်ကို ငုပ်ပြီးတော့ ငါးများကို ရှာဖွေစားသောက်တဲ့ ငှက်တွေထဲမှ တစ်မျိုးဖြစ်ပါတယ်။ သုတို့ဟာ အမြင့်မှာ ပျံသန်းကြပေမယ့် အစာလိုတဲ့အခါမှာ ရေအောက်ကိုထိုးဆင်းပါတယ်။ ရေအောက် အနက်မှာ ကူးခက်ပြီးတော့ ငှားကို ရှာစားနိုင်ပါတယ်။ သူတို့ လိုချင်တဲ့ အစာကို ရေတစ်ခေါက်ငုပ်တိုင်းမှာ ရတာရှိသလို အချို့ကျတော့ အကြိမ်ပေါင်းများစွာ ငုပ်ပြီးမှ ရပါတယ်။

ဒီတော့ ဗျိုင်းကို ကြည့်ရအောင်။ ဗျိုင်းတွေဟာ ရေမငုပ်ပါဘူး။ သူတို့ လိုချင်တဲ့ အစာအတွက် ရေပေါ်ကနေ နှုတ်သီးလေးနဲ့ ပေါက်ရှာ ပြီး စားရုံလေးပါပဲ။ သူတို့အတွက် ငါးရှာဖို့ ကျတော့ ရေငုပ်စရာမလိုပဲ အလွယ်တကူ ရှာနိုင်ပါတယ်။

ဒီတော့ ဗျိုင်းနဲ့ တင်ကျီးငှက်ကို ပြန်လည် သုံးသပ်ကြည့်ရအောင်။ နှစ်ကောင်စလုံးရဲ့ အစာအာဟာရဟာ အတူတူပဲ ဖြစ်ပါတယ်။ ငါးကိုပဲ စားသောက်ရခြင်း ဖြစ်ပါတယ်။ တစ်ကောင်က ခက်ခက်ခဲခဲ ရှာစားရချိန် တစ်ကောင်က လွယ်တကူ ရှာစားရပါတယ်။ ခက်ခက်ခဲခဲ ရှာစားရသူကိုကျတော့လည်း မိုးပေါ်ပျံနိုင်တာကြောင့် ဂုဏ်ပြုကြပါတယ်။ ဗျိုင်းကိုကျ ငါးဖမ်းတော်တာကြောင့် ဂုဏ်ပြုပါတယ်။ နောက်ဆုံး ဘယ်လို့ဖြစ်ဖြစ် သူတို့ ဝမ်းစာအတွက် ရရှိသွားတာခြင်း အတူတူပါပဲ။

သင်ခန်းစာ

လူ့ဘဝမှာလည်း ဒီလိုပါပဲ။ မိမိဟာ မိမိထက် အဆင့်မြင့်မားသူ၊ ချမ်းသာသူတို့နဲ့ သွားယှဉ်ကြတဲ့အခါ ငါဟာ သူလို့မဖြစ်ပါလား၊ သူမလို မဖြစ်ပါလားဆိုပြီးတော့ ဝမ်းနည်းကြပါတယ်။ သူတို့ကျတော့ ကံကောင်းလိုက်တာလေ ဆိုပြီးတော့ ကြည့်ပြီး အားငယ်တတ်ကြ ပါတယ်။ အဆိုးဆုံးကတော့ သူများ ဘဝကိုနှိုင်းယှဉ်ပြီး မိမိရဲ့ စိတ်ကူး အိပ်မက်တွေကို ရိုက်ချိုးလိုက်တာပါပဲ။ ဆင်းရဲစွာ မွေးဖွားလာရခြင်း ဟာဆိုရင် ဘဝပုံစံတစ်ခု ဖြစ်သလို ချမ်းချမ်းသာသာ မွေးဖွားလာသူများကလည်း ဘဝပုံစံ တစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးတော့ အားလုံးရဲ့ ရည်ရွယ်ချက်က အတူတူပါပဲ။ ယင်းကတော့ ဘဝကို အဓိပ္ဗါယ်ရှိရှိ ဖြတ်သန်းကြဖို့ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ကောင်းတာတွေကို ပြုလုပ်ရင်း မိမိအတွက်သာမက အခြားသူတွေအတွက်ပါ ပြုလုပ်ရင်း လောကအလှ ဆင်နိုင်ကြဖို့ မေတ္တာဖြင့် ဆန္ဒပြု ရေးသားလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top