အဖေနဲ့ အမေ ပျော်ပါစေ

parents-giving-children-piggyback-rides-on-winter-PU2PWR7.jpg

အဖေနဲ့ အမေဟာ မိမိဘဝ အတွက် အရေးအကြီးဆုံး တစ်စိတ်တစ်ဒေသ ဆိုလည်း မှားမယ်မထင်။ ငယ်စဉ်အခါမှာ အဖေနဲ့ အမေဟာ သားသမီးတွေကို ပျော်အောင် ထားခဲ့ကြတယ်။ ဒါကြောင့် သူတို့ကိုလည်း ပျော်အောင်ထားပေးပါ။

တစ်ခါတစ်လေ ငွေနဲ့ ပျော်အောင်ထားလို့ မရပါဘူး။ အဖေနဲ့ အမေဘေးမှာ နေပေးပါ။ သူတို့နဲ့ စကားတွေ ပြောပါ။ သူတို့ကို အလိုလိုက်ပါ။ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ဖြစ်အောင် ဖန်တီးပေးပါတယ်။ လစဉ် ငွေကြေးအလုံအလောက် ပံ့ပိုးရုံဖြင့် အဖေနဲ့ အမေဟာ မပျော်ရွှင်နိုင်ပါ။

သူတို့ဟာ သားသမီးတွေ အတွက် အမြဲအရေးပါတဲ့ သူတွေပဲ ဖြစ်ချင်နေတယ်။ ဒါကြောင့် သူတို့ကို ဘယ်တော့မှ အရေးမပါတဲ့ သူလို မဆက်ဆံပါနဲ့။ သူတို့ပြောတာတွေကိုလည်း နားထောင်ပေးပါ။ ဂရုစိုက်ပါ။ ချစ်မြတ်နိုးပါ။ ဒါဆို အဖေနဲ့ အမေ ပျော်ရွှင်ပါလိမ့်မယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top