အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ ယူ-၁၈ အသင်း ဆီမီးဖိုင်နယ်တက်

67817652_1560784834064237_6856117467823996928_n.jpg

၂၀၁၉ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ AFF U-18 Next Media Cup မှာဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၁၈ အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီမှာပဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

သြဂုတ် (၁၂) ရက်၊ ည (၇) နာရီက ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၊ Binh Duong ကွင်းမှာကစားခဲ့တဲ့ ဘရူနိုင်းနဲ့ပွဲစဉ်မှာ မြန်မာ ယူ-၁၈ အသင်းက (၂) ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာပါ။

”ပထမဆုံးပစ်မှတ်ဖြစ်တဲ့ ဆီမီးဖိုင်နယ်ရောက်ရှိရေးရည်မှန်းချက်ပြည့်ဝခဲ့လို့ ဒီနေ့ပွဲရလဒ်ကိုကျေနပ်ပါတယ်။ ပြိုင်ပွဲက တစ်ရက်ခြားကစားနေရလို့ ကစားသမားတွေပွဲမပန်းအောင်၊ အားပြန်ပြည့်အောင် အလေးထားပြင်ဆင်ခဲ့ရပါတယ်”လို့ မြန်မာအသင်းနည်းပြ ဦးစိုးမြတ်မင်းက ပြောပါတယ်။

မြန်မာအသင်းက အုပ်စု (က) မှာ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ တီမောအသင်းတို့နဲ့ အတူကျရောက်ခဲ့တာဖြစ်ပြီး လာအိုအသင်းကို (၃) ဂိုး (၁) ဂိုး၊ ဖိလစ်ပိုင်အသင်းကို (၄) ဂိုး (၁) ဂိုး၊ တီမောအသင်းကို (၁) ဂိုး ဂိုးမရှိ၊ ဘရူနိုင်းအသင်းကို (၂) ဂိုး ဂိုးမရှိနဲ့ လေးပွဲဆက်အနိုင်ရခဲ့တာဖြစ်ပါတယ်။

အခုလို လေးပွဲဆက်အနိုင်ရထားတဲ့အတွက် နောက်ဆုံးယှဉ်ပြိုင်ရမယ့် အင်ဒိုနီးရှားအသင်းနဲ့ပွဲစဉ်ရဲ့ အနိုင်၊ အရှုံးရလဒ် ဘယ်လိုပဲဖြစ်ဖြစ် အမှတ်အများဆုံးရထားတဲ့မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို သေချာပေါက်တက်လှမ်းရမှာ ဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ပွဲစဉ်ကိုတော့ ဗီယက်နမ်နိုင်ငံ၊ Thang Nhat အားကစားကွင်းမှာ သြဂုတ် (၁၄) ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီအချိန် ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top