လီဗာပူးနဲ့အတူ အောင်ပွဲခံနေတုန်း ဖာဘင်ဟိုရဲ့နေအိမ် ဖောက်ထွင်းခံရ

23-7-2020-yyl-027.jpg

ဘရာဇီးကွင်းလယ်လူ ဖာဘင်ဟိုက လီဗာပူးအသင်းဖော်တွေနဲ့အတူ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးမှု အောင်ပွဲခံနေတုန်း သူ့ရဲ့နေအိမ် ဖောက်ထွင်းခံခဲ့ရပြီး ကျောက်မျက်ရတနာတွေနဲ့ ကားတစ်စီး ခိုးယူခံခဲ့ရပါတယ်။ ဖာဘင်ဟိုနဲ့ သူ့မိသားစုတွေ အိမ်မှာမရှိတုန်း ဖောက်ထွင်းခံရတာပါ။ ဒီဖောက်ထွင်းမှုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ နေ့လယ် ၃ နာရီကနေ ကြာသပတေးနေ့ နံနက် ၄ နာရီကြားကာလအတွင်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီအချိန်ဟာ ချဲလ်ဆီးကို ၅-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးမှု အောင်ပွဲခံနေချိန်ဖြစ်ပါတယ်။အဲဒီအခမ်းအနားကို ဖာဘင်ဟိုရဲ့မိသားစုဝင်တွေလည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။

ဖောင်ဘီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖောက်ထွင်းမှုမှာ ကျောက်မျက်ရတနာတွေနဲ့ မီးခိုးရောင် အော်ဒီ RS6 ကားတစ်စီး ခိုးယူခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဖောက်ထွင်းမှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ အော်ဒီကားကို ဝီဂန်မြို့ကနေ ပြန်လည်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားနေတုန်း လီဗာပူးတောင်ပံကစားသမား မာနေးရဲ့နေအိမ် ဖောက်ထွင်းခံခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကလည်း လိုဗရန်၊ ဖာမီနို၊ ပီပီရေနာ၊ ဒန်နီယယ်အဂ္ဂါ၊ ဂျာဇီဒူးဒက်တို့ရဲ့ နေအိမ်တွေလည်း ဖောက်ထွင်းခံခဲ့ရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top