ကျရှုံးမှုများစွာထဲကနေ ပေါက်ဖွားလာတဲ့ ဟယ်ရီပေါ်တာ စာအုပ်

yyl-005.gif

ဟယ်ရီပေါ်တာ စာအုပ် စီးရီးကို ရေးသားတဲ့ စာရေးဆရာမကြီး Joanne Kathleen (J.K.) ကို တော်တော်များများ သိကြပါတယ်။ သူမရဲ့ အောင်မြင်မှုကို အများစု သိကြပေမယ့် သူမရဲ့ မအောင်မြင်ခဲ့တဲ့ ဘဝကို သိသူနည်းပါတယ်။

၁၉၉၇ ခုနှစ်လောက်အထိ သူမဟာ သူမဟာ အင်မတန် ကြပ်တည်းပြီး ကလေးငယ်ကို ပြုစုစောင့်ရှောက် လုပ်ကျွေးဖို့ အခက်များစွာ ကြုံခဲ့ ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက ဆိုရင် သူမရဲ့ ကလေးဟာ အသက် ၃ နှစ်သား ဖြစ်ပြီး အဲ့ဒီအချိန်ဟာ အခက်ခဲဆုံး အချိန် ဖြစ်ပါတယ်။ အဲ့ဒီတုန်းက သူမရေးသားတဲ့ စာမူများဟာ အပယ်ချ ခံရ ပါတယ်။ ထုတ်ဝေသူများက လက်မခံခဲ့ ပါဘူး။ လူသိနည်းတဲ့ ထုတ်ဝေသူ တစ်ဦးမှ သူ့စာမူကို ရွေးချယ်ပြီး ကြိုးစားခွင့် တစ်ကြိမ်ပေးခဲ့ရာကနေ အောင်မြင်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စာအုပ် အဖြစ်တောင် ဟယ်ရီပေါ်တာ ဖြင့် မှတ်တမ်း တင်ခဲ့ ပါတယ်။

သူမဟာ မအောင်မြင်စဉ်မှာကော အင်္ဂလိပ်စာ ဘာသာစကား သင်ကြားခြင်းကို ပြုလုပ်ပါတယ်။ ပေါ်တူဂီမှာ နေထိုင်သင်ကြားနေပြီး သူမဟာ ဘီလျံနာ ဖြစ်နေသည့်တိုင် သင်ကြားခြင်းကို မရပ်တန့်ပါဘူး။ သူမရဲ့ သားသမီးများ အနေနဲ့ အလုပ်လုပ်ခြင်းကို မြင်လို့ အတုယူစေရန် ဖြစ်ကြောင်း ဆိုပါတယ်။ သူမရဲ့ ဘီလျံနာအဖြစ် ကြွယ်ဝချမ်းသာမှုဟာ တစ်ကြိမ်မက ဆုံးရှုံးခဲ့ဖူးပါတယ်။ အကြောင်းကတော့ J.K. ဟာ အလှူတန်း အင်မတန် ရက်ရောလို့ ဖြစ်ပါတယ်။ ယနေ့မှာတော့ သူမဟာ ကမ္ဘာ့အချမ်းသာဆုံး စာရေးဆရာမ တစ်ဦးအဖြစ်လည်း ရပ်တည်နေပါသေးတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top