ဒီနေ့တော့ ရိုးရာလေးပရိတ်သတ်တွေကို ရုပ်ရှင်အညွှန်းလေးတစ်ခု ပေးချင်ပါတယ်။ လက်ရှိ JCGV ရုပ်ရှင်ရုံတွေမှာ ပြနေတဲ့ ရုပ်ရှင်ကားအသစ် ဖြစ်ပါတယ်။ မုဒြာရဲ့ခေါ်သံ လို ဒရာမာဇာတ်ကိုကြည့်ပြီး ကြည်နူးပျော်ရွှင်မှုတွေ ခံစားခဲ့ရသလိုပဲ ဒီရုပ်ရှင်ကလည်း စိတ်လှုပ်ရှား ရင်ခုန်စရာတွေကို ခံစားရစေမှာ အသေအချာပါပဲ။
ဇာတ်ကားနာမည်က “Tomb Raider ပါ။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာက လာရာ ခရော့ဖ် အဖြစ် အင်ဂျလီနာဂျိုလီ ခပ်လန်းလန်း သရုပ်ဆောင်ခဲ့တဲ့ Tomb Raider ဇာတ်ကားတွေနဲ့ ကွဲပြားတဲ့ ပံုစံမျိုးရိုက်ကူးထားပါတယ်။ 2013တုန်းက ထွက်ခဲ့တဲ့ Tomb Raider game ရဲ့ဇာတ်လမ်းကျောရိုးကို ယူထားပုံရပါတယ်။
လာရာ ဆယ်ကျော်သက်အရွယ်လောက်က လာရာ့အဖေ ရစ်ချတ်ခရော့ဖ် တစ်ယောက် အစအန ပျောက်သွားခဲ့ပါတယ်။ လာရာ အရွယ်ရောက်လာတဲ့ အချိန်ထိဆို ၇ နှစ်လောက် ရှိခဲ့ပါပြီ။ ရစ်ချတ်ခရော့ဖ်ဟာ ချမ်းသာတဲ့ စီးပွားရေးသမားတစ်ဦး ဖြစ်သလို စွန့်စားခန်းတွေနဲ့ စူးစမ်းရှာဖွေရတာတွေကို စိတ်ဝင်စားတဲ့သူလည်း ဖြစ်ပါတယ်။ သူပျောက်မသွားခင်မှာ သူသေဆုံးခဲ့ရင် လာရာ ဆက်ခံရမယ့် အမွေအဖြစ် စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ချန်ထားပေးခဲ့ပါတယ်။
သူ့အဖေ သေပြီဆိုတာကို လက်မခံနိုင်တဲ့ လာရာက အမွေဆက်ခံခွင့် စာချုပ်မှာ လက်မှတ်မထိုးသေးဘဲ စက်ဘီးနဲ့ ပစ္စည်းပို့တဲ့အလုပ် လုပ်ပြီး ဝမ်းကျောင်းနေခဲ့တာ ဖြစ်ပါတယ်။ အမွေစာချုပ် လက်မှတ်ထိုးရမယ့်နေ့မှာ စားပွဲပေါ်က ဂျပန်ရိုးရာ ပဟေဠိ သေတ္တာလေးကို အဖြေရှာကြည့်ရင်း ပဟေဠိသေတ္တာထဲမှာ သူ့အဖေ ထည့်ထားခဲ့တဲ့ စာကို အမှတ်မထင် တွေ့လိုက်ရပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ ယုံကြည်ချက်က ပိုခိုင်မာလာပြီး သူ့အဖေ အလုပ်ခန်းက စာအုပ်ထဲမှာ ရေးမှတ်ထားတဲ့ ဂျပန်ကမ်းရိုးတန်းအနီးက ကျွန်းတစ်ခုဆီ အဖေဖြစ်သူကို သွားရှာဖို့ ပြင်ပါတော့တယ်။

သူ့ရဲ့ခရီးစဉ် စချိန်ကတည်းက ကျွန်းပေါ်ရောက်ချိန်အထိ တွေ့ရသမျှ အခက်အခဲတွေကိုနည်းအမျိုးမျိုးနဲ့ ရင်ဆိုင် ကျော်ဖြတ်ပြီးတဲ့နောက် သူ့အဖေ ရစ်ချတ်ခရော့ဖ် စိတ်ဝင်တစား လေ့လာချင်တဲ့ ရှေးဂျပန်မင်းသမီးတစ်ပါးနဲ့နောက်လိုက်ငယ်သားတွေကို မြုပ်နှံထားရာ ဂူသချုႋင်းကို တွေ့လိုက်ရတဲ့အခါမှာတော့… ဘယ်လိုအတားအဆီးတွေ အန္တရာယ်တွေကို ထပ်ကြုံရသလဲဆိုတာ စိတ်လှုပ်ရှားစရာကောင်းလွန်းတာမို့ ကိုယ်တိုင် သွားကြည့်ပြီး ခံစားလိုက်ပါ လို့ပဲ အကြံပေးပါရစေ။ ရုပ်ရှင်ထဲက ရိုက်ကွင်း ရိုက်ကွက်တွေ၊ အသံစနစ်တွေက အရမ်းကိုကောင်းပြီး ရင်တမမဖြစ်ရလောက်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါနေလို့ပါ။

အခုဆိုရင် ဒီဇာတ်ကားဟာ နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ပွဲဦးထွက်ပြသမှုကနေ အမေရိကန်ဒေါ်လာ ၈၄.၅ သန်း ဝင်ငွေရရှိထားပြီး ဖြစ်တဲ့အပြင် တရုတ်နိုင်ငံတွင်းမှာလည်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁.၁သန်းနဲ့ ဦးဆောင်နေပါတယ်။
လာရာခရော့ဖ် အဖြစ် မင်းသမီး အယ်လစ်ရှာ ဗီကန်ဒါက တကယ့်ကို ပီပီပြင်ပြင် ဇာတ်ရုပ်နဲ့ ထပ်တူကျအောင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ တရုတ်မင်းသား ဒန်နီရယ်ဝူရဲ့ မာန်ပါပါ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကိုလည်း တွေ့ရမှာပါ။
လာရာခရော့ဖ်ရဲ့ အစဦးဆုံး စွန့်စားခန်း အဖြစ် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကို ၂နာရီလောက်အချိန်ပေးကြည့်ဖို့က ဘယ်လိုပဲဖြစ်ဖြစ် တန်နေတာမို့ ရိုးရာလေးပရိသတ်တွေ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ လို့ ညွှန်းလိုက်ပါရစေ။
TH (ရိုးရာလေး)
Post Views: 4,352
You may also like...
တနင်္ဂနွေနေ့ညက အော်စကာဆုပေးပွဲမှာ CODA ရုပ်ရှင်ကားရဲ့ သရုပ်ဆောင် ထရိုင် ကော့ဆာ (Troy Kotsur) ဟာ အကောင်းဆုံးဇာတ်ပို့မင်းသားဆုကို ရရှိသွားခဲ့တဲ့အတွက် အော်စကာဆုကို ရရှိခဲ့တဲ့ ပထမဆုံးနားမကြားသရုပ်ဆောင်မင်းသားဖြစ်လာခဲ့ပါတယ်။ ထရိုင်ကတော့ ဒီဆုနဲ့ပတ်သက်ပြီး “ဒီဆုက အကြားအာရုံချွတ်ယွင်းနေတဲ့လူ့အသိုင်းအဝိုင်း၊ CODA…
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ခင်းလောက်က Mexico ရှိရေကူးကန်တစ်ခု မှာနေပူစာလှုံရင်းအပန်းဖြေနေတဲ့JB ကိုမထင်မှတ်ဘဲ တွေ့ရှိခဲ့ကြပါတယ်။ Post Views: 3,763
အဆိုတော် နစ်ကီ မင်နာ့ချ်ဟာ လော့စ်အိန်ဂျယ်လိစ်မြို့က လက်ဝတ်ရတနာဆိုင်ရဲ့တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါတယ်။ နစ်ကီမင်နာ့ချ်ရဲ့စတိုင်လစ် ဘာရက်တ် အက်လန်နယ်လ်ဆန်နဲ့ ချုပ်ဆိုခဲ့တဲ့ လက်ဝတ်ရတနာအငှားသဘောတူစာချုပ်အပေါ် ချိုးဖောက်မှုနဲ့ သူ့ကို Roseark လက်ဝတ်ရတနာဆိုင်ရဲ့သူဌေးတွေက တရားစွဲဆိုခဲ့တာပါ။ နစ်ကီမစ်နာ့ချ်တို့က လက်ဝတ်ရတနာ ၆၆ မျိုးကို…
ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။