အောင်မြင်ခဲ့ပေမဲ့ ဆုံးရှုံးမှုကြီးမားခဲ့တဲ့ တောင်တက်ခရီးစဉ်တစ်ခု

57591556_10211384299722979_309202851781935104_n.jpg

ပြီးခဲ့တဲ့ ၆.၄.၂၀၁၉ နေ့က The Summiter အဖွဲ့သားတွေဟာ ပူတာအိုက ဖန်ဂရန်ရာဇီရေခဲတောင်တက်ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။
အဖွဲ့ဝင်တွေအားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေနဲ့ ဖန်ဂရန်ရာဇီတောင်ထိပ်ကိုရောက်အောင် အတူတူကြိုးစားခဲ့ကြပြီးတဲ့နောက် ၁၂.၄.၂၀၁၉ မနက် ၈:၅၀ မှာအဖွဲ့ဝင် အယောက် (၂၀) လုံး တောင်ထိပ်မှာ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။
သူတို့ရဲ့အောင်မြင်မှုအတွက်ပီတိမျက်ရည်တွေနဲ့ အောင်ပွဲခံကြရင်း နိုင်ငံတော်အလံကိုလွှင့်ပြီး နိုင်ငံတော်သီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ကြပါသေးတယ်။

ဖန်ဂရန်ရာဇီတောင်ထိပ်ကိုရောက်အောင် အတူတူကြိုးစားခဲ့ကြပြီးတဲ့နောက် ၁၂.၄.၂၀၁၉ မနက် ၈:၅၀ မှာအဖွဲ့ဝင် အယောက် (၂၀) လုံး တောင်ထိပ်မှာ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်

ဒါပေမဲ့ စိတ်မကောင်းစရာကတော့ မနက် ၉:၃၀ အချိန် တောင်ထိပ်ကနေပြန်အဆင်းမှာ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ မ Saint Htet တစ်ယောက် မတော်တဆခြေချော်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်ပါပဲ။

မတော်တဆခြေချော်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မ Saint Htet

ကြီးမားတဲ့အောင်မြင်မှုတစ်ခုရအပြီးမှာ ဆုံးရှုံးမှုကြီးမားခဲ့ရပါတယ်။ အဖွဲ့သားတွေက အစွမ်းကုန်ကြိုးစားရှာဖွေခဲ့ပြီး ပြန်တွေ့ရှိခဲ့ပေမဲ့ ပြန်လည်သယ်ယူဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အနအထားကြောင့် အဖွဲ့သားအားလုံးဟာ ဝမ်းနည်းကြေကွဲစွာနဲ့ပဲ လက်လျှော့ပြီး လှည့်ပြန်ခဲ့ကြရပါတော့တယ်။

ပြန်တွေ့ရှိခဲ့ပေမဲ့ ပြန်လည်သယ်ယူဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားကြောင့် အဖွဲ့သားအားလုံးဟာ ဝမ်းနည်းကြေကွဲစွာနဲ့ပဲ လက်လျှော့ပြီး လှည့်ပြန်ခဲ့ကြရ

ဒီအဖြစ်အပျက်အတွက် အဖွဲ့သူအဖွဲ့သားတွေအားလုံးက မိသားစုနဲ့ထပ်တူဝမ်းနည်းရပြီး မ Saint Htet အနေနဲ့ ကောင်းမွန်ရာဘုံဘဝကနေ ကိုယ့်ရဲ့အောင်မြင်မှုအတွက် ကိုယ်တိုင် ဂုဏ်ယူသွားနိုင်ခဲ့တယ်ဆိုတာ ယုံကြည်ပါကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။

Ref: Zaw Khine’s FB
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top