မကြာခင်မှာ ထုတ်ကုန်သစ်ကို မိတ်ဆက်တော့မယ် Vivo

Vivo-New-Product-will-coming-Soon1.jpg

24MP ရှေ့ကင်မရာ၊ FullViewTM Display ပါဝင်တဲ့ V7+ ကို ပြည်တွင်းဈေးကွက်မှာ ဖြန့်ချိခဲ့တဲ့ Vivo ဟာ မကြာခင် အချိန်အတောအတွင်း ထုတ်ကုန်သစ်တစ်ခုကို ထပ်မံဖြန့်ချီလာနိုင်ကြောင်း သိရပါတယ်။

ထုတ်ကုန်တွေကို selfie ဦးစားပေးအဖြစ် ဦးတည်ပြီး ထုတ်လုပ်လာတဲ့ Vivo ဟာ နောက်ထပ် မံတင်သွင်းလာမယ့် ထုတ်ကုန်လည်း selfie ဦးစားပေးထားတဲ့ စမတ်ဖုန်းမျိုးပဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိအချိန်မှာ စမတ်ဖုန်းတွေကို မျက်နှာပြင်ပိုမိုကျယ်ပြန့်စေရန် အထူးအလေးထား ထုတ်လုပ်လာကြတာကို တွေ့မြင်နေရပြီး Selfie camera အရည်အသွေးကိုလည်း အပြိုင်အဆိုင် မြှင့်တင်နေကြတာကို တွေ့နေရပါတယ်။

အထူးသဖြင့် တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီများဟာ စမတ်ဖုန်းတွေကို မျက်နှာပြင်ကျယ်ပြီး၊ ကင်မရာပိုင်း အားသာချက်တွေ ပိုမိုကောင်းမွန်လာအောင် အပြင်းအထန် ပြိုင်ဆိုင်နေကြတာကို တွေ့ရမှာပါ။

ဈေးကွက်တောင်းဆိုမှုကြောင့် Vivo ကလည်း သူ့ရဲ့ ထုတ်ကုန်တွေကို မျက်နှာပြင်ကျယ်ပြန့်မှု၊ selfie camera ပိုင်း အရည်အသွေးကောင်းမှုကိုသာ ဦးစားပေးလာမယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ V7+ ကိုဖြန့်ချိခဲ့သည့် Vivo အနေနဲ့ လက်ရှိအချိန်မှာ Y52, Y53, Y55, Y55s, V5, V5 Lite စတဲ့ စမတ်ဖုန်းတွေကိုလည်း တင်သွင်း ရောင်းချနေပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top