လုပ်သားအင်အားလျော့နည်းလာတာကို ဖြေရှင်းဖို့ ဂျပန်စတိုးဆိုင်လုပ်ငန်းစုက မှတ်ဉာဏ်တုနည်းပညာစက်ရုပ်ကို အသုံးပြု

19-8-2022-yyl-01.jpg

ဂျပန်နိုင်ငံမှာ လုပ်သားအင်အားစု လျော့နည်းလာတာကို ဖြေရှင်းနိုင်ဖို့အတွက် ဒုတိယအကြီးဆုံး စတိုးဆိုင်လုပ်ငန်းစုဖြစ်တဲ့ Family Mart က မှတ်ဉာဏ်တုနည်းပညာအသုံးပြုထားတဲ့ ကုန်စည်ဖြည့်တင်းရေးစက်ရုပ်တွေကို စတင်အသုံးပြုခဲ့ပါတယ်။

အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူ နည်းပါးလာတာဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ဒါကြောင့် တချို့လုပ်ငန်းတွေက လူသားဝန်ထမ်းတွေနေရာ အစားထိုးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလာကြတာပါ။ Family Mart ဟာ တိုကျိုမြို့အခြေစိုက် စက်ရုပ်ကုမ္ပဏီ Telexistence နဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ စတိုးဆိုင် ၃၀၀ ဝန်းကျင်မှာ မှတ်ဉာဏ်တုနည်းပညာသုံး စက်ရုပ်တွေကို အသုံးပြုခဲ့တာပါ။ အဲဒီစက်ရုပ်တွေက စတိုးဆိုင်ရဲ့ စင်တွေပေါ်မှာ လိုအပ်တဲ့ပစ္စည်းတွေကို ပြန်ဖြည့်ပေးနိုင်စွမ်း ရှိပါတယ်။

TX SCARA လို့ အမည်ပေးထားတဲ့စက်ရု့်တွေဟာ Microsoft ရဲ့ Azure cloud infrastructure ကို အသုံးပြုပြီး အရောင်းစာရင်းတွေကို မှတ်တမ်းတင်ကာ သူတို့လုပ်ရမယ့်အလုပ်အတွက် မှီငြမ်းကြပါတယ်။ စင်တွေပေါ်မှာ ပစ္စည်းတွေ ဖြည့်ပေးပြီးသွားရင်လည်း စတိုးဆိုင်ကြမ်းပြင် သန့်ရှင်းရေး၊ ဖောက်သည်တွေကို ဝန်ဆောင်မှု စတဲ့နေရာတွေမှာ ကူညီပေးနိုင်သေးလို့ တစ်ရက်ကို လူသားဝန်ထမ်း ၃ ယောက်စာ အလုပ်လုပ်ပေးနိုင်စွမ်း ရှိပါတယ်။

တစ်နေ့တာရဲ့အချိန် ၉၈ ရာခိုင်နှုန်းအထိ လူသားရဲ့အကူအညီမပါဘဲ အလုပ်လုပ်နိုင်စွမ်းရှိပြီး ကျန်တဲ့ ၂ ရာခိုင်နှုန်းမှာ လူသားရဲ့ အဝေးကနေ ထိန်းချုပ်မှု ( ပုံရိပ်ယောင် headset အသုံးပြုကာ)နဲ့အတူ အလုပ်လုပ်နိုင်ပါတယ်။ တကယ်လို့ TX SCARA စက်ရုပ်တွေကို အသုံးပြုမှု အောင်မြင်ခဲ့တယ်ဆိုရင်တော့ Family Mart က ဂျပန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ သူတို့ရဲ့စတိုးဆိုင် ၁၆၀၀၀ လုံးမှာ စက်ရုပ်တွေကို အသုံးပြုသွားဖို့ စီစဉ်နေပါတယ်။

Ref: Japanese Convenience Stores Introduce AI-Powered Shelf-Stocking Robots

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top