အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲကြောင့် အလုပ်ဝန်ပိပြီးသေဆုံးသူ (၂၇၀) ကျော်ရှိ

58968102_2356811411016432_2766736658417057792_n.jpg

တစ်ရက်တည်းကျင်းပတဲ့ ရွေးကောက်ပွဲတွေထဲမှာ ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲဖြစ်တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲကြောင့် အလုပ်ဝန်ပိပြီး လူ (၂၇၀) ကျော် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားအရာရှိတစ်ယောက်က ပြောပါတယ်။ သေဆုံးသူအများစုဟာ သန်းနဲ့ချီတဲ့ မဲတွေကို လက်နဲ့ရေတွက်ရာမှာ အချိန်တော်တော်ကြာအောင် မနားတမ်းအလုပ်လုပ်ရလို့ နာမကျန်းဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လူဦးရေ သန်း (၂၆၀) ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကုန်ကျစရိတ်သက်သာစေဖို့ ရည်ရွယ်ပြီး သမ္မတရွေးကောက်ပွဲ၊ အမျိုးသားရွေးကောက်ပွဲ၊ ဒေသဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲတွေကို ဧပြီလ (၁၇) ရက်နေ့က တစ်ပေါင်းတည်း ကျင်းပခဲ့ပါတယ်။ အဲဒီမဲပေးပွဲမှာ မဲပေးခွင့်ရှိသူ (၁၉၃) သန်းအနက် (၈၀) ရာခိုင်နှုန်း လာရောက်မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

မဲရုံ ၈၀၀၀၀၀ တည်ဆောက်ခဲ့ရပြီး မဲပေးသူတိုင်းက မဲ (၅) ရွက်ပေးရပါတယ်။ အရှေ့ဘက်အစွန်ကနေ အနောက်ဘက်အစွန်အထိ မိုင် (၃၀၀၀) ကျော်ရှည်လျားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ (၈) နာရီကြာ မဲပေးပွဲကျင်းပခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲဝန်ထမ်းတွေက မဲတွေကို လက်နဲ့ရေတွက်ခဲ့ရပါတယ်။ ရွေးကောက်ပွဲအပြီးမှာတော့ ရွေးကောက်ပွဲဝန်ထမ်း (၂၇၂) ယောက် သေဆုံးပြီး (၁၈၇၈) ယောက် နာမကျန်းဖြစ်ခဲ့ပါတယ်။ သေဆုံးသူတွေကို နစ်နာကြေးပေးဖို့နဲ့ နာမကျန်းဖြစ်သူတွေကို အထူးဂရုစိုက်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top