တရုတ်နိုင်ငံရဲ့ ခြံဝင်းတစ်ခုထဲမှာ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန် ဗုံးအလုံးရေ (၃၀၀၀) ကျော် တွေ့ရှိ

58781478_2356811207683119_2442442700306251776_n.jpg

တရုတ်နိုင်ငံအလယ်ပိုင်းက လူနေခြံဝင်းတစ်ခုထဲကနေ ဒုတိယကမ္ဘာစစ်ဝန်းကျင်က မပေါက်ကွဲသေးတဲ့ ဗုံး (၃၀၀၀) ကျော် တူးဖော်တွေ့ရှိခဲ့ပါတယ်။ ရေကူးကန်တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေက သံချေးတက်နေတဲ့ဗုံးတွေကို တွေ့ရှိခဲ့တာပါ။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဗုံးတွေကို အုတ်ခဲတွေလို့ထင်ပြီး သုံးဘီးဆိုင်ကယ်ပေါ် တင်ထားခဲ့တယ်လို့ လီဟွေဆိုတဲ့ ဆောက်လုပ်ရေးသမားက ပြောပါတယ်။

နောက်ပိုင်းမှာတော့ သံထည်ပစ္စည်းတွေဖြစ်နေတာသိသွားပြီး သံသယရှိလို့ ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ပါတယ်။ ရှန်ကျူးမြို့အာဏာပိုင်တွေလာရောက်စစ်ဆေးရာမှာ အဲဒီခြံဝင်းထဲကနေ မပေါက်ကွဲသေးတဲ့ ဗုံးအလုံးရေ (၃၀၀၀) ကျော်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ တူးဖော်တွေ့ရှိရတဲ့ပစ္စည်းတွေထဲမှာ လက်ပစ်ဗုံးတွေ၊ စိန်ပြောင်းတွေ၊ မီးလောင်ဗုံးတွေ ပါဝင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

သံချေးတက်နေတဲ့ ဖောက်ခွဲရေးကိရိယာတွေဟာ ဒုတိယကမ္ဘာစစ်တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒုတိယမြောက် တရုတ်-ဂျပန်စစ်ပွဲက ကြွင်းကျန်ရစ်ခဲ့တာလို့ ယုံကြည်နေပါတယ်။ ဒုတိယမြောက် တရုတ်-ဂျပန်စစ်ပွဲဟာ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ကြာမြင့်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို ဗုံးရှင်းလင်းရေးအဖွဲ့က လုံခြုံတဲ့နေရာတစ်ခုထံ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မျှမရှိခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top