တောင်ကိုရီးယား မင်းသား ဟွန်ဘင်း ချစ်သူနဲ့ လမ်းခွဲ

k.jpg

တောင်ကိုရီးယား မင်းသား ဟွန်ဘင်း နဲ့ မင်းသမီး ကန်ဆိုရာတို့ ဟာ လမ်းခွဲလိုက်တယ်လို့သိရပါတယ်။

ကန်ဆိုရာ နဲ့မင်းသား ဟွန်ဘင်းတို့ ချစ်သူအဖြစ်ကနေ လမ်းခွဲလိုက်မှုတယ်ဆိုတဲ့သတင်းတွေအပေါ် ဟွန်ဘင်း ရဲ့ အေဂျင်စီဖြစ်တဲ့ VAST နဲ့ ကန်ဆိုရာ ရဲ့အေဂျင်စီ Plum တို့က အတည်ပြုခဲ့တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

VAST အေဂျင်စီက သူတို့အနေနဲ့ ဟွန်ဘင်း နဲ့ ဆက်သွယ်မှုပြုလုပ်ခဲ့ရာ ကန်ဆိုရာနဲ့လမ်းခွဲလိုက် တာကို သိခဲ့ရပြီး သူတို့ နှစ်ဦး ဟာတစ်ဦးကို တစ်ဦးမိတ်ဆွေတွေ အနေနဲ့ ဆက်ရှိနေမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် ကန်ဆိုရာ ရဲ့ အေဂျင်စီဖြစ်တဲ့ PLUM ကလည်း ကန်ဆိုရာနဲ့ ဟွန်မင်းတို့ ဟာ အလုပ်တွေများ နေတာကြောင့်ချစ်သူ အဖြစ် က နေ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ကန်ဆိုရာ နဲ့ ဟွန်ဘင်းတို့ ဟာ ၂၀၁၆ ခုနှစ်ဒီဇင်ဘာ က ချစ်သူတွေအဖြစ် စတင်လက်တွဲခဲ့တာလည်းဖြစ်ပါတယ်။
Ref: Allkpop: Hyun Bin and Kang So Ra’s labels confirm breakup reports
ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top