အော်စကာဆုတစ်ဆုမှ မရခဲ့ပေမယ့် ဝင်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်လာခဲ့တဲ့ Avengers: Endgame

image_large.jpg

ပြီးခဲ့တဲ့နှစ်က ရုပ်ရှင်ချစ်ပရိသတ်တွေက Avenger:Endgame ဘယ်လောက်မိုက်တယ်ဆိုတာကို တဖွဖွပြောခဲ့ကြတာပါ။ ဒီ Avenger: Endgame ကဆိုရင် ပရိသတ်တွေ နှစ်သက်သဘောကျလောက်အောင် ကောင်းတဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားက အချိန်တိုင်း အအောင်မြင်ဆုံးရုပ်ရှင်ကားဖြစ်လာခဲ့ပြီး အခြားဇာတ်ကားတွေနဲ့ယှဉ်ပြိုင် စံချိန်ချိုးနိုင်ခဲ့ပါတယ်။

Avenger:Endgame ဇာတ်ကားက နောက်ထပ်စံချိန်တစ်ခုချိုးနိုင်ခဲ့ပြန်ပါတယ်။ ဒီဇာတ်ကားက အော်စကာဆုပေးပွဲမှာ ဆု(၁) ဆုမှ မရရှိခဲ့တဲ့ တစ်ချိန်လုံး ဝင်ငွေအမြင့်ဆုံး ပထမဆုံးရုပ်ရှင်ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။ အရင်က ဒီစံချိန်ကို ချိုးခဲ့တဲ့ ဇာတ်ကားတွေဖြစ်တဲ့ Titanic, Avatar, E.T. နဲ့ Star Wars တွေက အော်စကာဆုပေးပွဲမှာ အနည်းဆုံး ဆု(၁) ဆုစီတော့ရှိခဲ့တယ်လို့ Avenger Endgame ရဲ့fandom ဆိုက်တ်တစ်ခုအရ သိရပါတယ်။

အော်စကာဆုပေးပွဲမှာ Endgame က Best Visual Effects ဆုအတွက်သာ ဆန်ကာတင်စာရင်းဝင်ခဲ့ပေမဲ့ 1917 ဇာတ်ကားက အဲဒီဆုကို ရရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Avengers က ဝင်ငွေအမြင့်ဆုံးဇာတ်ကားအဖြစ် Avatar ဇာတ်ကားကို ကျော်ဖြတ်ဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။ Avatar ရုပ်ရှင်ကားကဆိုရင် ဒီစံချိန်ကို ဆယ်စုနှစ်တစ်ခုအထိ ဒေါ်လာ ၂၇၈၉.၇ ဘီလျံနဲ့ ရရှိပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ Endgame ဇာတ်ကားကဆိုရင် Avatar ဇာတ်ကားကို ကျော်ပြီး စံချိန်ချိုးတော့မှာဖြစ်ပါတယ်။

အခုလအစောပိုင်းမှာ Marvel Studio က အခုနှစ် Disney+ ကို ထိုးဖောက်ဖို့ စီစဉ်ထားတဲ့ Show အသစ် (၃) ခုပါဝင်တဲ့ နမူနာဗီဒီယိုကို အမြည်းအနေနဲ့ ပရိသတ်တွေကို ချပြခဲ့ပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေကတော့ The Falcon and the Winter Soldier၊ WandaVision နဲ့ Loki တို့ကို ကြည့်ရဖို့ မျှော်လင့်ရပါတယ်။

Ref: Avengers: Endgame Breaks Record After Failing To Win A Single Oscar

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top