ဟားမက်စ်အုပ်စုတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်

Israel-Defense-Forces-strike-Gaza-Strip-after-Hamas-rocket-attack.jpg

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်အုပ်စုတွေကို ဒီဇင်ဘာ ၇ ရက်နေ့က တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အခုလို တိုက်ခိုက်မှုဟာ ဒီဇင်ဘာလ ၇ ရက်နေ့ အစောပိုင်းမှာ ဟားမက်စ်အုပ်စုတွေက အစ္စရေးပိုင်နက်အတွင်းကို ဒုံးကျည်များနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည် လက်တုံ့ပြန်ခြင်းသာ ဖြစ်တယ်လို့ Times of Israel သတင်းစာအရ သိရပါတယ်။

ဟားမက်စ်တို့ ဟာ ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးကို ဆန်ကျင့်တဲ့ လှုပ်ရှားမှု ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ တာဝန်အရှိဆုံးဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုထားပါတယ်။ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီးမှုတွေကို မသိရသေးဘူးလို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ဂျေရုဆလင်မြို့ ကိုအစ္စရေးနိုင်ငံမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိမှတ်ပြုလိုက်ပြီးနောက် ဖြစ်လာခဲ့တာဖြစ်ပြီး ပါလက်စတိုင်းတို့ဟာ ဒီဇင်ဘာ ၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အစ္စရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေကြား ထိပ်တိုက် တွေ့ဆုံမှုတွေကြောင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြမှုတွေ ဟာ သောကြာနေ့အထိ ဆက်လက်ဖြစ်နေမယ့် အလားလာတွေ ရှိနေဆဲပါပဲ။

Ref : UPI News : Israel Defense Forces strike Gaza Strip

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top