ရုပ်ရှင်တွေနဲ့ ပတ်သက်လို့

tangled-1024x640-1024x640.jpg

ရုပ်ရှင်တွေနဲ့ ပတ်သက်လို့ သိရတာလေးတွေကို ပြန်မျှဝေပေးလိုက်ပါတယ်။ ဝေါ့ထ်ဒစ်စနေးရဲ့ Tangled Cartoon ဇာတ်ကားဟာ Avator ဇာတ်ကားထက် ထုတ်လုပ် ရိုက်ကူးရေး စရိတ် ပိုကုန်ကျခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ Spider Man အဖြစ်သရုပ်ဆောင်ချင်တာကြောင့် Marvel Comics ကိုဝယ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။

Tom Hanks သရုပ်ဆောင်ထားတဲ့ The Terminal ဇာတ်ကားကို ကြည့်ဖူးကြမှာပါ။ တကယ့်အဖြစ်မှာ အဲဒီလူဟာ Charles de Gaulle လေဆိပ်ထဲမှာ ၁၈နှစ်ကြာအောင် နေခဲ့တာဖြစ်ပါတယ်။

၁၉၃၁ခုနှစ်ကနေ ၁၉၆၉ခုနှစ် အတွင်းမှာ ဝေါ့ထ်ဒစ်စနေးရဲ့ဇာတ်ကားတွေဟာ အော်စကာ ၃၅ဆုရခဲ့ပါတယ်။

Donald Duck ရဲ့ အမည်အပြည့်အစုံက Donald Faunteroy Duck ဖြစ်ပါတယ်။

Planet of Apes ဇာတ်ကားထဲမှာ မျောက်ဝံပြောခဲ့တဲ့ ပထမဆုံး စကားလုံးက “Smile” ဖြစ်ပါတယ်။

ဇာတ်လမ်းထဲက Snow Whiteလေးဟာ အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။

ဟောလိဝုဒ်မှာ သရုပ်ဆောင်ကြေး အများဆုံးမင်းသမီးက နစ်ကိုးလ်ကစ်ဒ်မန်း ဖြစ်ပါတယ်။

ဘရုစ် ဝီလီစ် ဟာ သရုပ်ဆောင်မဖြစ်ခင်က အလွတ်စုံထောက် တစ်ယောက်ပါ။

အော်စကာဆု လုံးဝမရဖူးသေးတဲ့ နာမည်ကြီး သရုပ်ဆောင် မင်းသားတွေကတော့ ဘရက်ဒ်ပစ်ထ်၊ တွမ်ခရူးစ်နဲ့ ဂျွန်နီဒိပ်တို့ ဖြစ်ပါတယ်။

ဆင်မြူရယ်လ် အယ်လ် ဂျက်ဆင် ဟာ မတူညီတဲ့ ရုပ်ရှင်ကားပေါင်း ၂၇ ကားထဲမှာ motherf$cker ဆိုတဲ့ စကားလုံးကို ၁၂၇ကြိမ် ပြောခဲ့ပါတယ်။

Dr.No ကစလို့ Quantum of Solace ဇာတ်ကားထိ ဂျိမ်းစ်ဘွန်းဇာတ်ကောင် သတ်ပစ်ခဲ့တဲ့ လူပေါင်း ၃၅၂ယောက်ရှိပြီး အတူအိပ်ခဲ့တဲ့ အမျိုးသမီး အရေအတွက်ကတော့ ၅၂ယောက်ဖြစ်ပါတယ်။

ပထမဆုံး ဆေးရောင်စုံ ရုပ်ရှင်ကို ၁၉၀၁ မှာ စတင် ဖန်တီးခဲ့ပါတယ်။

Gravity ရုပ်ရှင်ကားရဲ့ စရိတ်က အိန္ဒိယနိုင်ငံရဲ့ မားစ်ဂြိုဟ်သွား အစီအစဉ် ကုန်ကျစရိတ်ထက် ပိုများပါတယ်။

ရုပ်ရှင်တွေထဲမှာ အသုံးအများဆုံး စာကြောင်းက ” Lets get out of here ” ဖြစ်ပါတယ်။

REF: Did you Know?

Thiha (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top