သင်မသိသေးတဲ့ အိုင်းစတိုင်းရဲ့ အကြောင်းတွေ

einstein.jpg

အိုင်းစတိုင်းကိုတော့ မသိသူမရှိပါဘူး။ ကမ္ဘာမှာ ဥာဏ်ရည်ဥာဏ်သွေး အမြင့်ဆုံး လူသားတွေထဲ တစ်ဦးအပါအဝင်ပါပဲ။ ရီလတီဗတီ(Relativity) သီအိုရီဟာ သူထုတ်ခဲ့တဲ့ အကျော်ကြားဆုံး သီအိုရီပါပဲ။

အဲလ်ဘတ် အိုင်းစတိုင်းဆိုတဲ့ နာမည်

ဒီနာမည်မှာ လျှို့ဝှက်ချက်ရှိပါတယ်။ စကားလုံး ပြောင်းလဲစီစဉ်ထားတဲ့ Anagram ဆိုတဲ့ ဝဏ္ဏပြောင်းစာ သဘောကို အသုံးပြုထားပါတယ်။ သဘောကတော့ Albert Einstein ဆိုတဲ့ နာမည်မှာ ပါဝင်တဲ့ စကားလုံးတွေဟာ Ten Elite Brains – (ဥာဏ်ရည်မြင့်စူပါဦးနှောက်ဆယ်ခု) မှာ ပါဝင်တဲ့ စကားလုံးတွေနဲ့ ပြန်တည်ဆောက်ဖွဲ့စည်းထားခြင်းပါပဲ။ တိုက်ဆိုင်မှုပဲဆိုရမလား အိုင်းစတိုင်း ကိုယ်တိုင်ဟာလည်း စူပါဦးနှောက်ဆယ်ခုစာမက တကယ်ဥာဏ်ရည်မြင့်ခဲ့ပါတယ်။

အိုင်းစတိုင်း စကားမှပြောတတ်ပါတော့မလား မိဘတွေက စိတ်ပူပင်ခဲ့ရ

ကလေးငယ်ငယ်ကတည်းက အိုင်းစတိုင်းက စကားကို မပြောတာ။ အကြာကြီးနေမှ တစ်ခါဆိုသလောက် ပြောတတ်တယ်။ စကားပြောခဲလွန်းလှပြီး ပြောပြီဆိုရင်လည်း သူ့အရွယ်မှာ ပြောနိုင်ရမယ့် စကားပြောနှုန်းထက် အတော်နှေးနှေးပဲ ပြောတတ်ပြီး သူကိုးနှစ်သားအထိ ဒီပုံစံအတိုင်းဖြစ်ခဲ့တော့ မိဘတွေခမျာ အိုင်းစတိုင်းအတွက် အတော်လေး ရတက်မအေးခဲ့ရပါဘူး။

မိန်းမလိုက်စားသူ

လက်ထပ် ပြီးတာတောင် အိုင်းစတိုင်းက မိန်းမလိုက်စားဆဲပါပဲ။ အိမ်ထောင်ကျစဉ်မှာကို နောက်အမျိုးသမီး ခြောက်ယောက်နဲ့ ဆက်သွယ်ထားတဲ့ စာတွေ အတွဲလိုက် ဟီဘရူးတက္ကသိုလ်ကနေ ပြန်တွေ့ခဲ့ရပါတယ်။

ဘာသာတရားလည်းကိုင်းရှိုင်း

သိပ္ပံပညာရှင်ကြီးက ဘုရားသခင်ကို ယုံခဲ့ပါသတဲ့။ ဝိဥာဉ်ရေးရာပိုင်းမှာ စကြာဝဠာသဘောတရားတွေနဲ့ ထပ်တူ ယုံကြည်ခဲ့ပါတယ်။ လူတစ်ကိုယ်ထက် သူ့ရဲ့ဝိဥာဉ်က ပိုပြီး ကြီးမြတ်တယ်လို့ ယူဆလက်ခံယူပါတယ်။

သံလိုက်အိမ်မြှောင်တခုကြောင့် သိပ္ပံပညာရှင်ဖြစ်လာ

သူ ငါးနှစ်သားမှာ သူ့အဖေက သံလိုက်အိမ်မြှောင် လေး လက်ဆောင်ပေးတော့ ဘယ်လိုသုံးရတတ်မှန်း သူမသိဘူး။ သူသိချင်လာတယ်။ သူစူးစမ်းတယ်။ အဲဒီကနေတဆင့် သူ့စူးစမ်းမှုတွေက အစပျိူးလာခဲ့တာပါပဲ။

ဂီတကို စုံမက်သူ

အိုင်းစတိုင်းသာ ရူပဗေဒပညာရှင်ကြီး မဖြစ်ခဲ့ရင် သေချာပေါက် တယောပညာရှင်ဖြစ်လာခဲ့မှာပါ။ သူက တယောထိုးသိပ်ကျွမ်းပါတယ်။ အမြဲလိုလို ဂီတသံတွေနဲ့ စိတ်ကူးယဉ် လွင့်ပါးနေတတ်တဲ့ အကျင့်ရှိပါတယ်။

ဘယ်လိုခင်ပွန်းမျိုးလဲ

သူ့ရဲ့ ပထမအိမ်ထောင် MILEVA နဲ့ လက်ထပ်တော့ စာချုပ်စာတမ်းတွေလုပ်ခဲ့ပါတယ်။ စည်းကမ်းတွေက ဘာတွေပါလဲဆိုတော့ Mileva ဟာ သူ့အဝတ်အစားတွေကို အမြဲလျှေ ာ္ဖွပ်ပေးရမယ်။ သူ့အတွက် ဟင်း၊ ထမင်း တစ်နပ်မပျက် ချက်ပေးရမယ်။ သူ့အခန်းကို အမြဲ သန့်ရှင်းရေး လုပ်ပေးရမယ်တဲ့။

စိတ်ကူးဥာဏ် ကွန့်မြူးဖို့

သူက စိတ်ကူးဥာဏ်ကွန့်မြူးရတာကို အကန့်အသတ် ရှိတဲ့ အသိပညာထက် ပိုတန်ဖိုးထားတတ်သူပါ။ လေ့လာစုပ်ယူရတဲ့ အသိပညာက အတိုင်းအတာရှိပေမယ့် အတွင်းအာရုံရဲ့ စိတ်ကူးဥာဏ်လွင့်ဝဲကွန့်မြူးရခြင်းက စကြာဝဠာကြီးအထိ ဖြစ်စေတာလို့ ယုံကြည်ထားသူ။

ဥာဏ်ကြီးရှင်ကြီးက ဖခင်ကောင်းဖြစ်ခဲ့ရဲ့လား

သူ့ရဲ့ အကြီးဆုံးသားက Hans Albert ပါ။ Hans က သူ့အမေ နဲ့ အဖေအိုင်းစတိုင်း တို့ ကွာရှင်းပြီးတဲ့နောက်မှာ အမေဖြစ်သူကို အိုင်းစတိုင်း က ဆက်လက် အကာအကွယ်ပေး ဂရုတစိုက်ရှိဖို့ ပျက်ကွက်ခဲ့တာကြောင့် အိုင်းစတိုင်းအပေါ် အတော်စိတ်ကွက်ခဲ့ပါတယ်။ အိုင်းစတိုင်းသေတော့လည်း သားအတွက် များများစားစား ချန်ထားမပေးနိုင်ခဲ့ပါဘူး၊

ကမ္ဘာကို ပတ်ခဲ့တဲ့ ဦးနှောက်

အိုင်းစတိုင်းသေတော့ သူ့ရဲ့ ဦးနှောက်ကို ဓာတ်ခွဲစမ်းသပ် လေ့လာဖို့ သားဖြစ်သူက ခွင့်ပြုပေးခဲ့ပါတယ်။ တကယ်လေ့လာတဲ့အခါမှာ အိုင်းစတိုင်းရဲ့ ဦးနှောက်မှာ သာမန်လူတယောက်ထက် Glial ဆဲလ် တွေ ပိုများပြားနေခဲ့တာ တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ သူ့ဦးနှောက်ထဲက သတင်းအချက်အလက်တွေကို တမူတမျိုး ပိုထူးပြီး ပေါင်းစပ် ဖန်တီး နိုင်ဖို့ ဖြစ်စေခဲ့ပါတယ်။

နျူဗုံးကို ထောက်ခံသူ

မှန်ပါတယ်။ ဒါတကယ်ပါပဲ။ အိုင်းစတိုင်းဟာ စစ်ဆန့်ကျင်ရေးဝါဒီတစ်ဦး ဖြစ်ပေမယ့် သမ္မတရုစဗဲ့ ဆီ မန်ဟက်တန်ပရောဂျက် အစီအစဉ်ကို ဆက်ပြီး အကောင်အထည် ဖော်ဖို့ တိုက်တွန်းပေးခဲ့ဖူးပါတယ်။

ရီလေတီဗီတီ သီဝရီကို ခေါင်းထဲမှာ စိတ်ကူးပုံဖော်ခဲ့

အိုင်းစတိုင်းက အတွေးထဲက စမ်းသပ်ချက်တွေ၊ စမ်းသပ်မှုတွေကို သူ့ခေါင်းထဲမှာပဲ ဖန်တီး ဥာဏ်ကွန့်မြူး ပုံဖော်လေ့ရှိပါတယ်။ Relativity သီအိုရီ ကို ဒီနည်းနဲ့ပဲရခဲ့တာပါ။ အလင်းတန်းတခုရဲ့ဘေးမှာ အလင်းရဲ့ အမြန်နှုန်းနဲ့ သူကိုယ်တိုင် ပျံသန်းစီးနင်းနေတယ်လို့ စိတ်ကူးယဉ်နေရင်း သူတွေ့ရှိခဲ့တာက အလင်းတန်းတခုရဲ့ ဘေးမှာ အရာဝတ္ထုတခုက အလင်းရဲ့ အမြန်နှုန်းနဲ့ ရွေ့နေမယ်ဆိုရင် ဒီအလင်းတန်းဟာ ရွေ့နေတယ်လို့ မထင်ရတော့ဘဲ အလိုလို Stationary ဖြစ်သွားမယ်လို့ ယူဆမှုပါ။ ဒီကနေ Relativity သီအိုရီကို ထုတ်နိုင်ခဲ့ပါတယ်။

ဝမ်းကွဲညီမနဲ့ ဒုတိယ အိမ်ထောင်ပြုခဲ့

သူမနာမည်က Elsa ပါ။ သူ့နဲ့ နှစ်ဝမ်းကွဲညီမ တော်စပ်ပါတယ်။

သမ္မတဖြစ်လုနီးနီး

1952 မှာ အစ္စရေးသမ္မတ Chaim Weizmann ဆုံးတော့ အိုင်းစတိုင်းကို သမ္မတလုပ်ပေးဖို့ တာဝန်ကမ်းလှမ်းခဲ့ပါတယ်။ အိုင်းစတိုင်း ကတော့ တိုင်းရေးပြည်ရေး နိုင်ငံရေး ဟာ သူကျွမ်းကျွင်ရာ မဟုတ်ကြောင်း ပြောပြီး ပယ်ချခဲ့ပါတယ်။

AI (ရိုးရာလေး)REF: ppcorn

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top