မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆက်စပ်တဲ့ ၁၄ ယောက်ကို Quarantine လုပ်ထား အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်

2-4-2020-yyl-049.jpg

ပေါက်ခေါင်းမြို့နယ်ရဲ့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မိသားစုဝင်(၄)ဦးထဲက ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ဆက်စပ်တဲ့ ၁၄ ယောက်ကို Quarantine ပြုလုပ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ သတင်းရရှိ ပါတယ်။

”Quarantine လုပ်မယ့်သူ ၁၄ ယောက်လောက်ရှိတယ်။ အခုစီစဉ်နေတယ်”လို့ ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက ရိုးရာလေးကို အတည်ပြုပြောကြားပါတယ်။ အသက် ၄၇ နှစ်အရွယ် အတည်ပြုလူနာအမျိုးသားဟာ ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်တဲ့ အတွက် အခုလို Quarantine ပြုလုပ်ပြီး စောင့်ကြပ်ကြည့်ရှုမယ့် ၁၄ ဦးထဲမှာ အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပေါက်ခေါင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က”ကျွန်တော်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်ပါ။ အိမ်မှာပဲ Home Quarantine လုပ်ထားတာပါ”လို့ ပြောပါတယ်။ COVID-19 အတည်ပြုလူနာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဟာ မတ် ၂၈ ရက်က လွှတ်တော်ကိုယ်စား လှယ်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကိုလည်း တက်ရောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

အခုလို သူနဲ့ဆက်စပ်တဲ့သူတွေကို Quarantine လုပ်ထားသလို မိသားစုဝင်(၄)ဦးစလုံးနေထိုင်တဲ့ အမှတ်(၅)ရပ်ကွက်က လမ်းကိုလည်း အသွားအလာကန့်သတ်တာတွေ လုပ်ထားတဲ့အပြင် သူတို့နဲ့ဆက်စပ်တဲ့ လူတွေကိုလည်း Home Quarantine လုပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ မိသားစုလိုက် ကူးစက်ခံရတဲ့ ပထမဆုံးဖြစ်ရပ်တစ်ခုဖြစ်ပြီးတော့ လူနာအမှတ်(၁၅)ရဲ့ ခင်ပွန်း(ဒုမြို့နယ်အုပ်ချုပ်ရေးမှူး) အသက်(၄၇)နှစ်၊ သားဖြစ်သူ အသက်(၁၀)နှစ်၊ သမီးဖြစ်သူ အသက်(၈)နှစ်၊ တူမဖြစ်သူ အသက်(၁၈)နှစ်တို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top