တက္ကသိုလ်ဝင်တန်းစာမေးပွဲခန်းသို့ မည်သည့်နာရီကိုမျှ ယူဆောင်ခွင့်ပြုမည်မဟုတ်

FB_IMG_1486642672749.jpg

၂၀၁၉ ခုနှစ်၊ မတ်လ (၆) ရက်တွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာမေးပွဲခန်းတွင်းသို့ မည်သည့်နာရီမျှ ယူဆောင်ခွင့်မပြုကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အဆင့်မြင့်နည်းပညာသုံးနာရီဖြင့် စာမေးပွဲတွင် မသမာသည့်နည်းလမ်းသုံးကာဖြေဆိုခြင်းမပြုနိုင်ရန် ယင်းသို့တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။ စာမေးပွဲအခန်းတိုင်းတွင် တိုင်ကပ်နာရီ
တစ်လုံးစီထားမည်ဖြစ်ပြီး စာမွေးပွဲဖြေဆိုသူများအနေဖြင့် နာရီမယူလာရန် ဆရာ၊ ဆရာမများမှကြိုတင်အသိပေးထားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောပြသည်။

“ဘယ်ကလေးမှ နာရီမပတ်ရတောဘူး၊ စာဖြေခန်းအပြင်မှာထားခဲ့ရမယ်။ တားရဲ့သားနဲ ယူလာရင် သူ့မှာအပြစ်ရှိတယ်၊ ဒီတော့ အစကတည်းက အိမ်မှာထားခဲ့တာ အကောင်းဆုံးပဲ၊
ဟု ဒေါ်မြင့်စိန်က ဆိုသည်။

နာရီပြင် အီလက်ထရောနစ်စမတ်နာရီ၊ ဘောပင်၊ မျက်မှန်များ ယူဆောင်လာပါက နှစ်အကန့်အသတ်မရှိ စာမေးပွဲဖြေဆိုခွင့်ပိတ်သည့် ပြစ်ဒဏ်အသစ်ကို မြန်မာနိုင်ငံစာစ်ဦးစီးဌာနမှ
ယခုနှစ်တက္ကသိုလ်စာမေးပွဲ စည်းကမ်းချက်များတွင် ထည့်သွင်းထားကြောင်း ၎င်းက ပြောသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ (၆) ရက်မှ (၁၅) ရက်အထိ ကျင်းပမည်ဖြစ်ပြီး တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုမည့်ကျောင်းသူ။ ကျောင်းသာ (၁၃၁၈၀) ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရပါသည်။

Ref: မိုးမြင့် (တနင်္သာရီသတင်းစာ)
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top