မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့ ကဏ္ဍမျိုးစုံက စိန်ခေါ်မှုတွေရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂပြော

ph_46036_183612.jpg

ရန်ကုန်၊ စက်တင်ဘာ (၁၀)

လက်ရှိအချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ကဏ္ဍမျိုးစုံမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr Stephen Anderson က ပြောပါတယ်။

Covid-19 နဲ့ နိုင်ငံရေးအကျပ်အတည်းတွေဟာ မြန်မာနိုင်ငံရဲ့ နဂိုထဲကမှ ရှိရင်းစွဲ ဆင်းရဲမွဲတေမှုပြဿနာကို ထပ်ဆင့်သက်ရောက်ရိုက်ခတ်သွားစေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲ့ဒီစိန်ခေါ်မှုကို ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ ထိခိုက်အလွယ်ဆုံးဖြစ်တဲ့ မိသားစုဝင်တွေအတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအထောက်အပံ့နဲ့ အာဟာရအထောက်အပံ့တွေကို တိုးမြှင့်ကူညီပေးနေပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံက ပြည်သူ (၁.၄) သန်းကျော်ကို ကူညီနိုင်ခဲ့ပြီး အဲ့ဒီထဲမှာ
အမျိုးသမီး၊ ကလေးငယ်၊ မသန်စွမ်းသူ၊ သွားရောက်ကူညီရန်မလွယ်ကူတဲ့ လူမှုအသိုက်အဝန်းဝိုင်းတွေနဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ မိသားစုတွေလည်း ပါဝင်နေပါတယ်။

အခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး မြန်မာနိုင်ငံ လူဦးရေ (၂) သိန်းဝန်းကျင်ခန့်က ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top