Mobile Imaging နည်းပညာအတွက် Global Partnership အဖြစ် vivo နှင့် ZEISS ဝင်ရောက်လာ

vivo-Zeiss.jpg

vivo နှင့် ZEISS တို့သည် mobile imaging နည်းပညာတွင် ပူးတွဲဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုးတိုးတတ်စေရန် ရေရှည်လက်တွဲသွားမည့် မဟာ ဗျူဟာမြောက် မိတ်ဖက်အဖွဲ့စည်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ “vivo ZEISS co-engineered imaging system” ကို vivo X60 series ဖုန်းများတွင် ပထမဆုံး ထည့်သွင်းသွားမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် vivo နှင့် Zeiss သည် vivo ၏ flagship စမတ်ဖုန်းများအတွက် mobile imaging နည်းပညာကို ဆန်းသစ်တီထွင်ရန်အတွက် joint R&D program ဖြစ်သည့် vivo ZEISS Imaging Lab ကို တည်ထောင်သွားမည်ဖြစ်သည်။ သုံးစွဲသူများ၏ လိုလားချက်များကို ကောင်းစွာသိရှိနားလည်ပြီး ဘက်စုံအသုံးပြုနိုင်သည့် စွမ်းဆောင်ရည်ပုံရိပ်များကို ဆန်းသစ်တီထွင်နိုင်သည့် ကမ္ဘာ့ အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်သော vivo သည် မှန်ဘီလူးနှင့် opto-electronics များတွင် ကမ္ဘာလုံး ဆိုင်ရာဦးဆောင်သူတစ်ဦးဖြစ်ပြီး mobile imaging နယ်ပယ်တွင် အတတ်ပညာရှင်ပီပီ ဦးဆောင်တီထွင်သူတစ်ဦး ဖြစ်သူ ZEISS နှင့်အတူ အပြန်အလှန် အားသာချက်များအပေါ်မူတည်ပြီး အဆင့်မြင့် မိုဘိုင်းလ်ဓာတ်ပုံ နည်းပညာ ကို တည်ဆောက်သွားရန် မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို vivo မှဆောင်ရွက်ခဲ့သည်။

ထို့ပြင် joint R&D program အရ vivo ZEISS co-engineered imaging system ကို အဆင့်မြှင့်တင်ရန်နှင့် vivo ၏ flagship စမတ်ဖုန်းများ နှင့်အတူ ၎င်းတို့၏ တီထွင်ဖန်တီးမှုကို သုံးစွဲသူများ ပုံဖော်ခံစားနိုင်စေရန် အတွက် “vivo ZEISS Master Photography” အစီအစဉ်ကိုလည်း မိတ်ဆက်သွားမည်ဖြစ်သည်။

လွန်ခဲ့သည့် ၂၅ နှစ်တာကာလအတွင်း vivo မှ သုံးစွဲသူများ၏ မတူကွဲပြားသည့် လိုအပ်ချက်များကို ပြီးပြည့်စုံသည့် အချက်အလက်သုတေသနများမှတဆင့် အသေးစိတ်သိရှိခဲ့ရသည်။ သုံးစွဲသူများ၏ စဉ်ဆက်မပြတ် ပြောင်းလဲ နေသည့် လိုအပ်ချက်များအပေါ်အခြေခံပြီး ဆန်းသစ်တီထွင်မှုများနှင့်အတူ vivo မှ မျိုးဆက်သစ်လူငယ်များ အထူး ကြိုက်နှစ်သက်စေမည့် မိုဘိုင်းလ်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ စမတ်ဖုန်းဓာတ်ပုံပညာရပ်များ ထွန်းကားလာသည့်ယနေ့ခေတ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာသုံးစွဲသူများက မိုဘိုင်းလ်ပုံရိပ်တီထွင်ဖန်တီးမှုများနှင့် ပတ်သက်ပြီး ပိုမိုတောင်းဆိုလာကြမည်ကို vivo မှ ကြိုတင်မျှော်လင့်ထားခဲ့ပါသည်။ အကျိုးရလဒ်အနေဖြင့်, ပုံရိပ် တီထွင်ဆန်းသစ်မှုများမှာ ရေရှည်တွင် သုံးစွဲသူများ လိုအပ်သည့် အရေးအကြီးဆုံးအချက်ဖြစ်လာမည်ဟု vivo မှ စဉ်းစားသုံးသပ်မိသည်။ ယနေ့အချိန်တွင် vivo သည် ကမ္ဘာအနှံ့အပြားတွင် R&D ဝန်ထမ်း ၇၀၀ကျော်ကို ခန့်အပ် ထားခဲ့ပြီး image R&D စင်တာများကိုလည်း တည်ဆောက်ခဲ့သည်။

vivo နှင့် ZEISS သည် အဆင့်မြင့်နည်းပညာနှင့် ရင်သပ်ရှုမောစရာ ဒီဇိုင်းဆန်းများအပေါ် အထူးအာရုံစိုက်မည့် တူညီသောပန်းတိုင်များအတွက် မိတ်ဖက်အဖွဲ့အစည်းအဖြစ်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ စံနမူ အနေဖြင့် အပြန်အလှန် သဟဇာတရှိခြင်းသည် အောင်မြင်သည့် ဆန်းသစ်တီထွင်မှုများအတွက် လမ်းကြောင်း တစ်ခုဖြစ်ပြီး လက်ရှိမဟာဗျူဟာမြောက် global imaging မိတ်ဖက်အနေနှင့် ပုံဖော်ပေးမည့် အုတ်မြစ်တစ်ခု ဖြစ်ပါသည်။

vivo နှင့် ZEISS တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ် mobile imaging အတွက် မှတ်တိုင်တစ်ခု ဖြစ်သည်။ နှစ်ဦးစလုံးမှာ mobile imaging ကို ပိုမိုချောမွေ့စေမည့် စွမ်းဆောင်ရည်များအပေါ် အဓိကထား အတူတကွ လုပ်ဆောင်ကြမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ZEISS၏ optical နည်းပညာများနှင့် ကျွမ်းကျင် ပညာရှင်များက mobile imaging ၏ optical စွမ်းဆောင်ရည် သိသိသာသာ တိုးမြှင့်လာစေရန် စွမ်းဆောင် ပေးမည်ဖြစ်သည့်အတွက် vivo flagship စမတ်ဖုန်းများ၏ မိုဘိုင်းလ် optical imaging သည်လည်း နောက်ထပ် အဆင့်တစ်ဆင့်သို့ တိုးမြှင့်ယူဆောင်သွားနိုင်တော့မည်ဖြစ်သည်။

အခြားတစ်ဖက်တွင် ကမ္ဘာတစ်ဝန်း သုံးစွဲသူ သန်း ၃၈၀ နှင့်အတူ vivo သည် mobile imaging ကို သုံးစွဲသူများ ပိုမိုနှစ်သစ်လာမည်ကို ကောင်းစွာနားလည် ထားပါသည်။ ZEISS ၏ Optical ကျွမ်းကျင်ပညာရှင်များ၊ အတူတကွပူးပေါင်းဆောင်ရွက်မှုနှင့်အတူ စွမ်းဆောင် ရည်ပုံရိပ်များကို vivo ၏စွမ်းဆောင်ရည်ပုံရိပ်များနှင့်အတူပေါင်းစပ်၍ ကမ္ဘာတစ်ဝန်းရှိသုံးစွဲသူများထံသို့ ဆွဲဆောင်မှုရှိပြီး ပိုမိုလွယ်ကူစွာအသုံးပြုနိုင်မည့်၊ ပိုမိုကောင်းမွန်သာ မိုဘိုင်းလ်ဓာတ်ပုံပညာရပ်အတွေ့အကြုံ များ ပေးစွမ်းနိုင်တော့မည်ဖြစ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top