ဘင်္ဂလားဒေရှ့် မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း လူပေါင်း ၇ဝ ကျော် သေဒဏ်ပေးခံရ

gettyimages-963344678.jpg

Several suspected drug dealers detained during the countrywide ongoing anti-drug operation in Dhaka, Bangladesh on May 28, 2018. Nearly hundred drug-dealers were killed and thousands were arrested across the country during an anti-drug operation. (Photo by Rehman Asad/NurPhoto via Getty Images)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ အခုလအတွင်းပြုလုပ်တဲ့ မူးယစ်ဆေးဝါး စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းအဖြစ် ဘင်္ဂလားဒေရှ့် လုံခြုံရေးတပ်ဖွဲ့တွေဟာ လူပေါင်း ၇ဝ ကျော်ကို သေဒဏ်အပြစ်ပေးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့အတွင်း ကြီးမားတဲ့ စီးနင်းရှာဖွေမှုတွေ အများအပြားလုပ်ခဲ့ရာမှာ မေလ ၂၆ ရက်နေ့က မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်သူ လူပေါင်း ၁ဝဝ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ပြောပါတယ်။ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုလုပ်တယ်လို့ သံသယရှိသူ ၇ ဦးဟာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ သေဆုံးသွားခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့် တက်ကြွလှုပ်ရှားသူတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ မူးယစ်ဆေးဝါး စစ်ဆင်ရေးကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြုလုပ်တဲ့ မူးယစ်ဆေးဝါး စစ်ပွဲနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်မှာ မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးမှု စတင်လုပ်ဆောင် တဲ့အချိန်က စတင်ပြီး လူထောင်ချီ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ မူးယစ်ဆေးဝါးသုံးစွဲသူ ရာချီကိုလည်း ဒဏ်တွေ ရိုက်ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့ ရောင်းချသူတွေကို နှိမ်နှင်းဖို့ ရည်ရွယ်ကာ မူးယစ်ဆေးဝါး ဖမ်းဆီးရှာဖွေတဲ့ စစ်ဆေးရေးကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အခု မူးယစ်ဆေးဝါး စစ်ဆင်ရေးဟာ နိုင်ငံအတွင်း အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းပုံနဲ့ တူညီတယ်လို့ပြောခဲ့ပါတယ်။

လူအခွင့်အရေးအဖွဲ့တွေကတော့ အစိုးရတပ်ဖွဲ့တွေရဲ့ မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးမှု လုပ်ဆောင်တာတွေဟာ ဥပဒေနဲ့ မညီဘဲ အကြမ်းဖက်မှုတွေ ဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်လို့ ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ လူအခွင့်ရေးအဖွဲ့တွေက အဆင်ခြင်မဲ့ သတ်ဖြတ်တာတွေ မြင့်တက်စေပြီး လူအခွင့်ရေး ချိုးဖောက်မှုတွေ စိုးရိမ်စရာဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။ မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း သေဆုံးမှုတွေအပေါ်  စုံစမ်းစစ်ဆေးသင့်တယ်လို့ လူအခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့ပါတယ်။

Ref: BBC “Bangladesh anti-drug operation leads to dozens of deaths”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top