သူစိမ်းတစ်ယောက်အတွက် ပင်မဆဲလ်လှူဒါန်းပေးခဲ့တဲ့ စင်ကာပူမင်းသား နစ် တီယို

Image_20261022_161038_888.png

အသက် ၃၇ နှစ်အရွယ် စင်ကာပူမင်းသား နစ် တီယိုဟာ သူ့ရဲ့ပင်မဆဲလ်လှူဒါန်းပေးပြီးတော့ လူတစ်ဦးရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူက သူနဲ့ တစ်ခါမှမတွေ့ဖူးတဲ့သူတစ်ယောက်ကို သူ့ရဲ့ပင်မဆဲလ်လှူဒါန်းပေးခဲ့တယ်ဆိုတာကို အောက်တိုဘာ ၂၁ ရက်နေ့က အင်စတာဂရမ်ပို့စ်ကနေတဆင့် ထုတ်ပြောခဲ့တာပါ။

ပင်မဆဲလ်လှူဒါန်းတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး သူက တကယ်တမ်းလှူဒါန်းတဲ့လုပ်ငန်းစဉ်က သွေးလှူဒါန်းတာနဲ့ နည်းနည်းဆင်တယ်။ တစ်စုံတစ်ယောက်ကို ဒုတိယအခွင့်အရးပေးဖို့ ကျွန်တော် ၆ နာရီလောက် အချိန်ပေးခဲ့ရတာပါလို့ ဆိုပါတယ်။ ပင်မဆဲလ်နဲ့ ရိုးတွင်းခြင်ဆီလှူဒါန်းတာနဲ့ပတ်သက်ပြီးလူအများကြားလွဲမှားစွာနားလည်ထားတဲ့အချက်တွေ၊ အထူးသဖြင့် ဒီလုပ်ငန်းစဉ်က မျိုးပွားနိုင်စွမ်းကို ထိခိုက်စေတယ်ဆိုတဲ့ အယူအဆအမှားတွေကိုလည်း ရှင်းပြခဲ့ပါတယ်။ နစ် တီယိုဟာ ၂၀၂၃ ခုနှစ်က မင်းသမီးဟုန်လင်နဲ့ လက်ထပ်ခဲ့ပြီး ပြီးခဲ့တဲ့လကမှ သူတို့ရဲ့ပထမဆုံးရင်သွေးလေးလွယ်ထားရပြီဆိုတာ ကြေညာခဲ့တာပါ။

သူက လှူဒါန်းခဲ့တာနဲ့ပတ်သက်ပြီး မှတ်တမ်းဗီဒီယိုလည်းရိုက်ထားခဲ့ပါတယ်။ မလှူခင် သူ့ခန္ဓာကိုယ်က ပင်မဆဲလ်အရေအတွက်တိုးလာဖို့ ဆေးများစွာထိုးခဲ့ရတာပါ။ သူ ပင်မဆဲလ်လှူဒါန်းပြီးနောက် ရက်အနည်းငယ်အကြာမှာ ပုံမှန်အတိုင်းအလုပ်ပြန်လုပ်နိုင်ခဲ့ပါတယ်။ ပင်မဆဲလ်၊ ရိုးတွင်းခြင်ဆီကို လှူဒါန်းပြီးနောက် ခန္ဓာကိုယ်အားနည်းလာတယ်လို့ လူတော်တော်များများက ထင်ကြပါတယ်။ ဒါပေမဲ့ သူကတော့ အက်ရှင်ခန်းတွေရိုက်နေတုန်းပဲလို့လည်း ဆိုထားပါတယ်။

Ref: Nick Teo donates stem cells: ‘6 hours of my life to give someone else a 2nd chance at theirs’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top