နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီ အသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်

shutterstock-658384993-1.png

နွေရာသီရဲ့ အပူဒဏ်ဟာ ကလေးတွေ မပြောနဲ့ လူကြီးတွေတောင် လှိမ့်ပိမ့်ပြီး ခံနေရလောက်အောင် ရာသီဥတုရဲ့ အပူဒဏ် ပြင်းထန်ပါတယ်။ ဒီလို အချိန်ဆို သက်ကြီးရွယ်အိုတွေရော နုနယ်လှတဲ့ကလေးတွေကိုရော အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီ အပူဒဏ်ကြောင့် ဖြစ်လာတဲ့ ချွေးထွက်များပြီး ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာတွေကို တိုက်ထုတ်ဖို့အတွက် အသီးတွေ လောက် ကောင်းတာတွေ မရှိတော့ပါဘူး။ ဒီတော့ နွေရာသီမှာ ဘယ်လို အသီးတွေကို ကလေးတွေကို ကျွေးသင့်သလဲ။

သံပုရာသီး

ရာသီ ပေါင်းစုံမှာ ကြိုက်တဲ့အချိန်ဝယ်လို့ ရတဲ့ ဒီသံပုရာသီးဟာ ဗီတာမင် C အကြွယ်ဝဆုံး အသီးတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ မွှေးပျံ့လှတဲ့ အနံ့ကြောင့် ခေါင်းကို ကြည်လင်ပြီး စိတ်ကို လန်းဆန်းစေမယ်ဆိုတာ အားလုံးသိကြမှာပါ။

သခွားသီး

သခွားသီးမှာ ရေဓါတ်များများ ပါဝင်တာကို အားလုံး ခံစားမိမှာပါ။ ။ ပူပြင်းလွန်းတဲ့ နွေရာသီမှာ ရေဓါတ်များများ လိုအပ်တာကြောင့် အရည်ရွှမ်းလွန်းတဲ့ သခွားသီး ကလေးတွေကို ကျွေးသင့်ပါတယ်။ သခွားသီးမှာ pectin လိုမျိုး အမျှင်ဓါတ်တွေ ပါဝင်ပြီး ကိုလက်စထရောကိုလည်း လျှော့ကျတာမို့ နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီး တွေမှာပါတဲ့ ရောင်ခြယ်ပစ္စည်းတွေက အသားအရေကို လှပစေတဲ့အပြင် များပြားလှတဲ ဓါတ်တိုးဆန့်ကျင်ပစ္စည်း တွေက ခုခံအားကို အားပေးတာကြောင့် ဘယ်ရောဂါမှ ကလေးကိုယ်ထဲဝင်လာလို့ မရနိုင်တော့ဘူးပေါ့။

ဖရဲသီး

ဖရဲသီးကတော့ နွေရာသီမှာ မဖြစ်မနေ စားဖို့ လိုအပ်တဲ့ အသီးပါပဲ။ ဘာလို့လဲဆိုတော့ ဖရဲသီးဟာ ရေဓါတ်များများ ပေးနိုင်တဲ့ စူပါဟီးရိုးအသီးတစ်မျိုး ဖြစ်တာကြောင့်ပါ။ ရေဓါတ်များခြင်းကြောင့် ခန္ဓါကိုယ် စွမ်းအင်တွေ ပြည့်စေပြီး Lycopene လည်းပါဝင်တာကြောင့် နေရောင်ကြောင့် အသားအရေ ဆဲလ် တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဒီနီရဲရဲ ချိုရွှမ်းတဲ့ အသီးလေးကို ကလေးတွေ ဘယ်တုန်းက မစားဘူးလို့ ငြင်းဖူးလို့လဲနော်။

လိမ္မော်သီး

လိမ္မော်သီးမှာ ပိုတက်စီယမ် နဲ့ ဗီတာမင် C များများပါဝင်တာကြောင့် နွေရာသီမှာ စားပေးဖို့ လိုပါတယ်။ ပိုတက်စီယမ်က ချွေးထွက်ခြင်းကို လျှော့ချပေးပြီး ကြွက်သားတွေ တောင့်တင်းခြင်းကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ (၈၀) ရာခိုင်နှုန်း ရေဓါတ်ပါဝင်တာကြောင့် ရေဓါတ်ခမ်းခြောက်ြခင်းတွေ မဖြစ်စေဘဲ ဗီတာမင် C ကြောင့် ခုခံအားကောင်းပြီး ဖျားနာခြင်းတွေပါ ကင်းစေမှာပါ။

ခရမ်းချဉ်သီး

နွေရာသီမှာ ခရမ်းလွန်ရောင်ခြည် တွေ ပြင်းထန်ပြီး အသားအရေကို ပျက်စီးစေမယ်ဆိုတာ အာလုံးသိကြမယ်လို့ထင်ပါတယ်။ ဒီအတွက် စိတ်မပူပါနဲ့။ အသားအရေအတွက် လိုအပ်တဲ့အာဟာရတွေရော ဓါတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေ ရော ကြွယ်ဝတဲ့ ခရမ်းချဉ်သီးရှိပါတယ်။ နုနယ်တဲ့ ကလေးတို့ အသားအရေအတွက် ခရမ်းချဉ်သီးက မရှိမဖြစ်နော် ။

ဒါတွေကတော့ မကြာခင်ရောက်တော့မယ့် နွေရဲ့ အပူဒဏ်ကို အံတုဖို့အတွက် ကလေးတွေကို ကျွေးသင့်တဲ့ အသီးတွေ ဖြစ်ပါတယ်။ အစားအသောက်တွေထဲမှာ အသီးအနှံတွေလောက် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အရာတွေ မရှိတာကြောင့် ကလေးတွေ ကြေးများနေလည်း မဖြစ်မနေကျွေးဖို့က မေမေတို့ တာဝန်နော် ။

Ref : Hellosayarwon

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top