အင်စတာဂရမ်မှာကျော်ကြားတဲ့ ရုရှားလှပျိုဖြူရဲ့အလောင်းကို ခရီးဆောင်အိတ်ထဲကတွေ့ရှိ

67818757_2510389688991936_5455920934911213568_n.jpg

အင်စတာဂရမ်ပေါ်မှာကျော်ကြားတဲ့ ရုရှားလှပျိုဖြူတစ်ယောက်ဟာ မော်စကိုမြို့က သူငှားနေတဲ့တိုက်ခန်းမှာ ခရီးဆောင်လက်ဆွဲအိတ်အတွင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ရုရှားရဲတပ်ဖွဲ့က ပြောပါတယ်။ ကာရာဂလာနိုဗာက အဆက်အသွယ်မလုပ်တာတော်တော်ကြာနေလို့ သူ့မိဘတွေက အခန်းပိုင်ရှင်ထံဆက်သွယ်ပြီး အခန်းထဲဝင်ကြည့်ခွင့်တောင်းခဲ့ရာမှာ ခရီးဆောင်လက်ဆွဲအိတ်ထဲကနေ သူ့အလောင်းကိုတွေ့ခဲ့တာပါ။

အသက် (၂၄) နှစ်ရှိတဲ့ ကာရာဂလာနိုဗာဟာ အင်စတာဂရမ်ပေါ်မှာ အားပေးသူ (၈၅၀၀၀) ရှိပြီး မကြာသေးခင်ကမှ ဆရာဝန်ဘွဲ့ ရခဲ့သူပါ။ မနာလိုစိတ်ကြောင့် လူသတ်မှုကျူးလွန်မိတဲ့အခြေအနေကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ကာရာဂလာနိုဗာဟာ မကြာသေးခင်ကမှ ချစ်သူအသစ်ရထားသူဖြစ်ပြီး (ဇူလိုင်လ ၃၀ ရက်နေ့မှာကျရောက်ခဲ့တဲ့) သူ့မွေးနေ့မှာ ဟော်လန်နိုင်ငံကို အားလပ်ရက်ခရီးထွက်ဖို့စီစဉ်ထားတယ်လို့ ရုရှားသတင်းစာတစ်စောင်ကဖော်ပြပါတယ်။

ကာရာဂလာနိုဗာရဲ့ လည်ပင်းမှာ ပြတ်ရှဒဏ်ရာရထားတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ တိုက်ခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ သက်သေအထောက်အထားမတွေ့ရသလို အခင်းဖြစ်ပွားရာနေရာမှာ လက်နက်မတွေ့ရဘူးလို့ဆိုပါတယ်။ CCTV မှတ်တမ်းတွေအရ ကာရာဂလာနိုဗာပျောက်ဆုံးသွားတဲ့ရက်ပိုင်းမှာ သူငှားနေတဲ့တိုက်ခန်းကို သူ့ချစ်သူဟောင်း အလည်လာခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ သူ့ချစ်သူဟောင်းကို စုံစမ်းစစ်ဆေးမှုလုပ်နေလားဆိုတာကိုတော့ ရဲတပ်ဖွဲ့ကထုတ်ပြောခဲ့ခြင်းမရှိပါဘူး။ ကာရာဂလာနိုဗာဟာ အင်စတာဂရမ်ပေါ်မှာ ဓာတ်ပုံတွေပုံမှန်တင်လေ့ရှိပြီး ရုပ်ရှင်သရုပ်ဆောင်မင်းသမီး ဟက်ဘန်းနဲ့တူလို့ အင်စတာဂရမ်အသုံးပြုသူတွေက သူ့ကိုသဘောကျကြပါတယ်။ သူဟာ နာမည်ကျော်ခရီးသွားဘလော့တစ်ခုရေးသားနေသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top