ခေါင်းလျှော်များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

2484-Best-Hair-Wash-Tips-Our-Top-10-ss.jpg

ခေါင်း ခဏခဏ လျှော်ခြင်းဟာ ကျန်းမာရေးအရ မသင့်တော်ပါဘူး။ နေ့တိုင်းနီးပါး ခေါင်းလျှော် (ခေါင်းပေါ်ရေလောင်းချိုး) နေမယ်ဆို ဆိုးကျိုးအနေနဲ့ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

ခံတွင်း သန့်ရှင်းရေးအတွက် နေ့တိုင်း သွားတိုက်ပေးဖို့နဲ့ တစ်ကိုယ်ရည် သန့်ရှင်းဖို့ နေ့တိုင်း ရေချိုးသင့်တယ် ဆိုပေမယ့် ဆံပင်တွေကို သန့်ရှင်းစွာထားဖို့ နေ့တိုင်း ခေါင်းလျှော်ဖို့ မလိုအပ်ပါဘူးနော်။

လေ့လာသူတွေရဲ့ အဆိုအရတော့ နေ့စဉ်နဲ့အမျှ ရေချိုးတိုင်း ခေါင်းလျှော်လေ့ရှိတယ်ဆိုရင် ဒါဟာ တော်တော်လေး များပြားတဲ့ အကြိမ်အရေအတွက် ဖြစ်နေပါပြီ။ တချို့က သူတို့ရဲ့ ခေါင်းဟာ အဆီပြန်တယ် ချွေးထွက်များတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မကြာခဏ ခေါင်းလျှော်လေ့ရှိကြပေမယ့် ဒီလို ချွေးထွက်များနေရင်တောင် နေ့တိုင်းနီးပါး ဦးခေါင်းကို သန့်ရှင်းရေး လုပ်ပေးဖို့ မလိုအပ်ဖူးလို့ ဆိုပါတယ်။

ဒါဆိုရင် ခေါင်းကို အချိန်ဘယ်လောက်မှ တစ်ခါ လျှော်သင့်တာလဲ ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက်က မတူညီနိုင်ပါဘူး။ အတိအကျ ဘယ်နှစ်ရက်တစ်ကြိမ် ခေါင်းလျှော်ရမယ်လို့ ကျန်းမာရေး သတ်မှတ်ချက်တော့ ရှိမှာမဟုတ်ဘဲ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ လူနေမှုဘဝပုံစံ အနေအထားတွေပေါ်မှာ မူတည်ပြီး သင့်တင့်တဲ့ ချိန်ဆမှုကို ပြုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

တကယ်တော့ ခေါင်းလျှော်တဲ့ အကြိမ်ရေ များလေလေ ဦးရေပြားက ပိုခြောက်သွေ့လေလေ ဖြစ်သလို ပိုပြီး အဆီတွေလည်း ထွက်လာစေပါတယ်။ ဒါ့အပြင် နေထိုင်မကောင်းတာမျိုး ဖြစ်စေနိုင်သလို ဦးနှောက်အမြှေးရောင်ရမ်းတာမျိုးလို ဦးခေါင်းနဲ့ ပတ်သတ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။

အဲကွန်းအခန်းထဲမှာ အအေးဓာတ်နဲ့ ချွေးထွက်နည်းတဲ့ အလုပ် လုပ်နေသူတွေအတွက်ဆို ခေါင်းလျှော်တာကို ခဏခဏလုပ်ဖို့ မလိုအပ်သလို ချွေးထွက်များတဲ့ စားဖိုမှုးနဲ့ အားကစားလုပ်နေသူတွေဆိုရင်တောင် နေ့တိုင်း ခေါင်းမလျှော်သင့်ဘူးလို့ လေ့လာချက်တွေက ဆိုထားပါတယ်။

Ref: Global News “Here’s how often you should really wash your hair, according to experts”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top