နွားနို့မသောက်ဘဲ ကယ်စီယမ်ကြွယ်ဝစေမယ့် အစားအစာတွေ

yyl-2-10-014.jpg

သင်က လုံလောက်တဲ့ကယ်စီယမ်ဓာတ် ရရှိချင်ပေမဲ့ နွားနို့မကြိုက်ဘူးဖြစ်နေလား။ နွားနို့မသောက်ချင်တဲ့သူတွေအတွက် သင်ရဲ့ကယ်စီယမ်လိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်တဲ့ သဘာဝ အစာအစားတွေရှိပါတယ်။ ဆောင်းပါးမှာ ဖော်ပြပေးမယ့်အစားအစာတွေက နွားနို့မသောက်ဘဲ ကယ်စီယမ်ဓာတ်ရရှိစေမှာဖြစ်ပါတယ်။

ပဲ

ပဲတွေကကယ်စီယမ်ကြွယ်ဝတဲ့အစားအစာဖြစ်ပြီး ပရိုတင်းဓာတ်လည်းပါဝင်ပါတယ်။ နွားနို့မသောက်ဘဲ ကယ်စီယမ်ဓာတ်ရရှိဖို့ဆိုရင် သင့်အစားအစာတွေမှာ ပဲပါဝင်သင့်ပါတယ်။

ငါး

ငါးသေတ္တာ၊ ဆယ်လမွန်ငါးတွေက ကယ်စီယမ်ကြွယ်ဝပါတယ်။ ငါးတွေကိုအရသာရှိအောင်ကင်ပြီးအသီးအရွက်၊ဆလက်ရွက်တွေနဲ့တွဲစားလို့ရပါတယ်။

အယ်မွန်စေ့

အယ်မွန်ကဲ့သို့အစေ့အဆံတွေက လိုအပ်နေတဲ့ကယ်စီယမ်ဓာတ်ကိုဖြည့်တင်းပေးပါတယ်။ ဒါကြောင့်နေ့တိုင်းအာဟာရဓာတ်ပြည့်ဝဖို့ အယ်မွန်စေ့ကိုစားသုံးလို့ရပါတယ်။

လိမ္မော်သီး

လိမ္မော်သီးတွေက ဗီတာမင်စီနဲ့ကယ်စီယမ်ဓာတ်တွေပါဝင်ပါတယ်။ ဒါပေမဲ့ လိမ္မော်ဖျော်ရည်က အဲဒီဓာတ်ပမာဏကို လျော့နည်းစေပါတယ်။ ဒါကြောင့်လိမ္မော်သီးကို သွားရည်စာအဖြစ် ဖျော်မသောက်ပဲစားသင့်ပါတယ်။

ပဲနို့

နွားနို့မကြိုက်တဲ့သူတွေအတွက် ပဲနို့က ကောင်းတဲ့ရွေးချယ်မှုဖြစ်ပါတယ်။ ပဲနို့မှာ ပုံမှန်နွားနို့တစ်ခွက်ထက် ပရိုတင်းနဲ့ကယ်စီယမ်ဓာတ်ပိုပြီး ပါဝင်ပါတယ်။ မနက်စားစာပြီးနောက်မှာ သောက်သုံးနိုင်ပါတယ်။ ပဲနို့ရည်ချည်း သက်သက်မသောက်ချင်ရင် ကော်ဖီထဲထည့်သောက်တာ၊ ဒိန်ချဉ်လုပ်ပြီးစားသောက်လို့ရပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်

အစိမ်းရောင်ဟင်းသီးဟင်းရွက်မှာ ကယ်စီယမ် (၁၀၀) မီလီဂရမ်ကျော်ပါဝင်ပါတယ်။ ကယ်စီယမ်ကြွယ်ဝတဲ့အတွက် သင့်တစ်နေ့တာအစားအစာအဖြစ် စားသုံးလို့ရပါတယ်။

Ref: ways to get calcium without having milk
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top