အောင်လအန်ဆန်နဲ့ ခရာခီတို့ ယှဉ်ပြိုင်ကြမယ့် ONE Championship: Pursuit of Greatness

onefc_press_aunglakhraki_hightlight_01.jpg

အောင်လအန်ဆန်နဲ့ ခရာခီတို့ ယှဉ်ပြိုင်ကြမယ့် ONE Championship: Pursuit of Greatness ပွဲကြီးလာပါပြီ။ ဒီပြိုင်ပွဲကြီးကိုတော့ အောက်တိုဘာ ၂၆ ရက်နေ့မှာ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး ဒီပွဲကြီးမှာ မြန်မာစပါးအုံး အောင်လအန်ဆန်ဟာ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်သွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကြီး မတိုင်ခင် အောက်တိုဘာလ ၂၄ ရက်နေ့၊ နေ့လယ် ၃ နာရီမှာ စတင်ကာ Junction City ရဲ့ Promotion Area မှာ အောင်လအန်ဆန်နဲ့ သူ့ ပြိုင်ဘက်ရယ်၊ ဖိုးသော်နဲ့ သူ့ပြိုင်ဘက်တွေကို ပရိသတ်တွေနဲ့ မီဒီယာများ ရှေ့မှောက် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစပါးအုံး အောင်လအန်ဆန်နဲ့ ဖိုးသော်တို့ဟာ သူတို့ရဲ့ ဟန်ရေးပြကစားကွက်တွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ မြန်မာစပါးအုံး အောင်လအန်ဆန်နဲ့ ဖိုးသော်တို့ရဲ့ ဟန်ရေးပြကစားကွက်တွေကို တွေ့မြင်နိုင်မှာဖြစ်လို့ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

***နောက်ထပ် ရိုးရာလေးနဲ့ ONE Championship တို့ ပူးပေါင်းပြီး ပျော်စရာအစီအစဉ်တစ်ခုအနေနဲ့ မိတ်ဆက်ပွဲကို လာရောက်တဲ့အခါ အမှတ်တရပစ္စည်းတွေ (တီရှပ်တစ်ထည်နဲ့ Autograph Card တစ်ခုစီ) ပေးအပ်သွားဖို့ စီစဉ်ထားပါသေးတယ်။ အဲဒီအမှတ်တရပစ္စည်းတွေကိုရယူနိုင်ဖို့အတွက် သူငယ်ချင်းတွေကို Tag ကာ public နဲ့ အခုပို့စ်ကို Share ပေးရုံပါပဲ။ အောက်တိုဘာ ၂၂ ရက်နေ့ထိ Share နိုင်ပါတယ်။ Share ပေးတဲ့သူတွေထဲကမှ အယောက် ၅၀ ကိုရွေးပြီး အမှတ်တရပစ္စည်းတွေ ပေးသွားမှာပါ။ ကံထူးသူတွေအနေနဲ့ Junction City မှာ ကျင်းပတဲ့ ဒီပွဲကိုလာရောက်ပြီး ဖုန်းနံပါတ် 09 4310 39 06 ကို ဆက်သွယ်ကာ ပစ္စည်းတွေကို ထုတ်ယူရမှာဖြစ်ပါတယ်။*** ကဲ…လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့၊ ၂၀၁၈ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၃ နာရီ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်က Junction City ရဲ့ Promotion Area မှာ ပျော်ပျော်ပါးပါး တွေ့ဆုံကြဖို့ မျှော်လင့်ပါတယ်။ ဓာတ်ပုံရိုက်ချင်တဲ့ ပြင်ပက ဓာတ်ပုံသမားတွေအနေနဲ့လည်း မိမိရဲ့ DSLR – Professional Camera နဲ့ ဒီပွဲကို လာရောက် ရိုက်ကူးလို့ရနိုင်မယ်လို့ သိရပါတယ်။

 

 

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top