လှေကားထဲ ခေါင်းညပ်နေလို့ အမျိုးသားတစ်ယောက် ၅ ရက်ကြာ ပိတ်မိနေ

intl06.jpg

ပြင်သစ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ ရေချိုးခန်းကို မွမ်းမံပြင်ဆင်နေတုန်း ချော်လဲပြီး လှေကားထစ်ထဲ ခေါင်းညပ်နေလို့ အဲဒီအနေအထားနဲ့ ၅ ရက်ကြာ နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာ အလည်လာတဲ့ သူ့ညီမက သူ့အဖြစ်ကိုတွေ့ပြီး ကျန်းမာရေးအဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။

အသက် ၆၀ ရှိတဲ့ အမျိုးသားဟာ လှေကားနှစ်ထပ်ကြား ခေါင်းညပ်နေချိန်မှာ ဖုန်းကို လှမ်းယူလို့မရခဲ့တဲ့အတွက် အကူအညီတောင်းခံလို့မရခဲ့တာပါ။ သူ့ဦးခေါင်း ရောင်ရမ်းပြီး သွေးစီးဆင်းမှု လျော့နည်းလာလို့ ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခဲ့ရပါတယ်။ ကျန်းမာရေးအဖွဲ့က သူ့ကို တွေ့ချိန်မှာ ရေဓာတ်ခန်းခြောက်မှု ဆိုးဆိုးရွားရွားဖြစ်နေပေမဲ့ သတိရှိနေတုန်းပဲလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top