ထိမ်းမြားမှုလျှောက်လွှာမှာ အပျိုစင်ဆိုတဲ့ စကားလုံးကို ဖယ်ရှားဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံးဆုံးဖြတ်

intl04.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီးတွေအနေနဲ့ ထိမ်းမြားမှုလျှောက်လွှာမှာ အပျိုစင် ဟုတ်၊ မဟုတ်ဆိုတဲ့ အချက်ကို ဖြည့်သွင်းဖို့ မလိုတော့ဘူးလို့ အထက်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ထိမ်းမြားမှုလျှောက်လွှာမှာ ကုမ္မာရီ(အပျိုစင်)ဆိုတဲ့ ဘင်္ဂါလီစကားလုံးကို ဖယ်ရှားပြီး အိုဘီဘဟိတ(အိမ်ထောင်မရှိသူ)ဆိုတဲ့ စကားလုံးနဲ့ အစားထိုးရမယ်လို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အထက်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အပျိုစင်ဆိုတဲ့ စကားလုံးကြောင့် အရှက်ရစရာဖြစ်စေတယ်လို့ စောဒကတက်ခဲ့ကြတဲ့ အမျိုးအသမီးအခွင့်အရေး အဖွဲ့တွေကတော့ အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထိမ်းမြားမှုလျှောက်လွှာမှာ ရွေးချယ်စရာ ၃ ခုရှိတဲ့အနက် မုဆိုးမနဲ့ တစ်ခုလပ်ဆိုတဲ့ အသုံးအနှုန်းတွေကိုတော့ ပြောင်းလဲပြင်ဆင်ခဲ့ခြင်းမရှိပါဘူး။ ထိမ်းမြားတဲ့အခါ သတို့သားတွေကလည်း အိမ်ထောင်ကျဖူးခြင်း ရှိ၊ မရှိဆိုတာကို ဖြည့်သွင်းရမယ်လို့ အထက်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ မွတ်စလင်အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်ထပ်ထိမ်းမြားမှုဆိုင်ရာ ဥပဒေတွေဟာ တင်းကျပ်လွန်းပြီး ခွဲခြားဆက်ဆံရာရောက်တယ်လို့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top