လကမ္ဘာမျက်နှာပြင်ပုံစံ ဗီဒီယိုရိုက်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံက လမ်းချိုင့်တွေကို ဖာထေး

moon.jpg

အနုပညာရှင်တစ်ယောက်က လကမ္ဘာမျက်နှာပြင်နဲ့ ခိုင်းနှိုင်းပုံဖော်တဲ့ ဗီဒီယိုရိုက်ကူးခဲ့ပြီးနောက်မှာတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလိုရီမြို့ လမ်းပေါ်က ချိုင့်ခွက်တွေကို အာဏာပိုင်တွေက ဖာထေးခဲ့ကြပါတယ်။ နန်ဇွန်ဒါဆွာမိရဲ့ဗီဒီယိုထဲမှာ အာကာသယာဉ်မှူးဝတ်စုံ ဝတ်ဆင်ထားသူတစ်ယောက်က လကမ္ဘာမျက်နှာပြင်ပုံစံနဲ့တူတဲ့ နေရာမှာ တစ်လှမ်းချင်း လှမ်းနေတာ မြင်တွေ့ရပါတယ်။

ဘန်ဂလိုရီမြို့လမ်းပေါ်မှာ ချိုင့်ခွက်တွေ များနေတာကို ထောက်ပြတဲ့အနေနဲ့ အခုလိုဗီဒီယိုရိုက်ခဲ့တာပါ။ အဲဒီဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ လမ်းပေါ်က ချိုင့်ခွက်တွေကြောင့် နှစ်စဉ်နှစ်တိုင်း ထောင်နဲ့ချီတဲ့လူတွေ
ဒဏ်ရာရခဲ့ကြပါတယ်။ နန်ဇွန်ဒါဆွာမိရဲ့ ဗီဒီယိုပျံ့နှံ့သွားချိန်မှာ အာဏာပိုင်တွေက လမ်းပေါ်မှာရှိတဲ့ ချိုင့်ခွက်တွေကို ဖာထေးပေးခဲ့ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ၁၂ ပေရှည်လျားတဲ့ လမ်းပေါ်က ချိုင့်ခွက်ထဲမှာ သက်ရှိမိကျောင်းအရွယ်အစား မိကျောင်းရုပ်တုကို နေရာချခဲ့လို့ ပြည်တွင်း၊ပြည်ပမှာ ထင်ပေါ်ကျော်ကြားခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top