ဟာရီကိန်းမုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် မိမိရဲ့ဆန္ဒကို စွန့်လွှတ်လိုက်ရတဲ့ ကောင်လေး

yyl69024.jpg

တောင်ကယ်ရိုလိုင်းနာပြည်နယ်က (၆)နှစ်အရွယ်ကလေးလေး ဂျာမိန် ဘယ်လ် (Jermaine Bell) က ဟာရီကိန်းမုန်တိုင်းဒိုရိန်းဒဏ်ခံစားနေရတဲ့သူတွေကို ကူညီပေးဖို့အတွက် Disney World သွားရမယ့် အခွင့်အရေးကို စွန့်လွှတ်ပစ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဂျာမိန်း ဘယ်လ်ရဲ့မိဘတွေက သူ့သား (၇) နှစ်ပြည့်မွေးနေ့ဂုဏ်ပြုတဲ့အနေနဲ့ Disney World ကို ခေါ်သွားပေးဖို့ ပိုက်ဆံတွေ စုဆောင်းနေခဲ့တာပါ။ ဒါပေမဲ့ ဂျာမိန်းက Disney World သွားမယ့် ပိုက်ဆံတွေကို လှူတာကောင်းမယ်လို့ ပြောလိုက်တာကြောင့် သူ့မိဘတွေ အံ့အားသင့်ခဲ့ရပါတယ်။

ကမ်းရိုးတန်းမှာ နေထိုင်ကြသူတွေဟာ မုန်တိုင်းဒဏ်ကြောင့် နေရပ်ကနေ ရှောင်တိမ်းနေကြရတာကို ဂျာမိန်း သိရှိခဲ့ရပြီး သူတို့အတွက် အစားအစာဝယ်ပေးဖို့ သူ့မိဘတွေကို တောင်းဆိုခဲ့ပါတယ်။

သူဟာ”ဒိန်ရိန်းမုန်တိုင်းကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးလာသူတွေအတွက် ဟော့ဒေါ့ နဲ့ ရေ အလကား”ဆိုတဲ့ဆိုင်းဘုတ်လေးကို တောင်ကယ်ရိုလိုင်းနာပြည်နယ်ရဲ့အမြန်လမ်းမ ၁၂၅ မှာ ထောင်ထားခဲ့ပါတယ်။

“နေရပ်ကနေ အခြားနေရာကို ရှောင်တိမ်းလာနေရတဲ့သူတွေကို အစားအစာတွေ ရှိစေချင်တာပါ။ ဒါမှ သူတို့ဆက်ပြီး ခရီးဆက်နိုင်မှာပါ” လို့ ဂျာမိန်းက ပြောပါတယ်။

Disney World အတွက် စုဆောင်းထားတဲ့ငွေတွေက မုန်တိုင်းဒဏ်သင့်ပြည်သူ အယောက် (၁၀၀) အတွက် ဟော့ဒေါ့၊ သွားရည်စာ၊ ရေတွေ ဝယ်ဖို့လုံလောက်ပါတယ်။ “ဂျာမိန်းက သူတို့ နေရပ်ကို ပြန်သွားတဲ့အခာသူတို့အိမ်တွေ အဆင်ပြေပါစေလို့တောင် ဆုတောင်းပေးခဲ့တယ်” လို့ ဂျာမိန်းရဲ့အဘွားက ပြောပါတယ်။

ဂျာမိန်းက Disney World ကို တစ်နေ့ သွားရမယ်လို့မျှော်လင့်နေကြောင်း၊ ဒုတိယအခွင့်အရေးရလာဖို့ စောင့်မျှော်နေကြောင်းပြောပါတယ်။ ဂျာမိန်းက Disney ရဲ့ Animal Kingdom ပန်းခြံကို အလည်အပတ်သွားရောက်ဖို့ မျှော်လင့်နေခဲ့ရတာဖြစ်ပါတယ်။

Ref: ABC News “Boy, 6, donates money saved for Disney trip to help Hurricane Dorian evacuees”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top