အာလူးကြော်ကို အဓိကအာဟာရအဖြစ် စားသုံးခဲ့တဲ့လူငယ် မျက်စိကွယ်

potato.jpg

ဗြိတိန်နိုင်ငံက ဆယ်ကျော်သက်တစ်ဦးဟာ အာလူးကြော်တွေကိုပဲ အဓိကအာဟာရအဖြစ် စားသုံးခဲ့ပြီးနောက် အမြင်အာရုံ လုံးဝကွယ်သွားခဲ့ပါတယ်။ အမည်မဖော်တဲ့ အသက် ၁၇ နှစ်အရွယ် ယောကျာ်းလေးဟာ မူလတန်းကျောင်းပြီးဆုံးချိန်ကတည်းကနေ အာလူးချောင်းကြော်၊ အာလူးပြားကြော်၊ ပေါင်မုန့်ဖြူတွေကိုပဲ စားသုံးခဲ့ပြီး ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်းကိုတော့ ရံဖန်ရံခါလောက်ပဲ စားတယ်လို့ ဆိုပါတယ်။

အသက် ၁၄ နှစ်အရွယ်မှာ မောပန်းလွယ်ပြီး နေမကောင်းလို့ အထွေထွေရောဂါကုဆရာဝန်နဲ့ ပြသရာမှာ ဗီတာမင် B12 ချို့တဲ့နေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြည့်စွက်အာဟာရတွေ ကျွေးခဲ့ပါတယ်။ ဒါပေမဲ့ သူက ကုသမှုမခံခဲ့သလို သူ့ရဲ့စားသောက်မှုပုံစံကိုလည်း မပြင်ခဲ့ပါဘူး။ နောက် ၃ နှစ်အကြာမှာတော့ အမြင်အာရုံ ကွယ်ခဲ့လို့ ဘရစ္စတိုးမျက်စိဆေးရုံ တက်ခဲ့ရပါတယ်။

စမ်းသပ်မှုတွေအရ သူဟာ ဗီတာမင်ချို့တဲ့ခဲ့ပြီး အာဟာရဓာတ်မပြည့်လို့ အမြင်အာရုံကြောထဲက အာရုံကြောမျှင်တွေ သေဆုံးပြီး သေရာပါ ဒဏ်ရာဖြစ်စေခဲ့တာလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ
အစားအစာ ဇီဇာကြောင်သူတွေအနေနဲ့ အန ္တရာယ်ကြုံရနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top