ပြန်ပေးဆွဲခံရတယ်လို့ ချစ်သူကို လိမ်ပြောပြီး နောက်ရည်းစားနဲ့ Date ခဲ့သူ

29.9.23-yyl-၄.jpg

နောက်ရည်းစားနဲ့ Date ချင်လို့ အလိမ်အညာ ဇာတ်လမ်းထွင်ခဲ့တဲ့ သြစတြေးလျအမျိုးသားတစ်ယောက်ကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အချိန်ကုန်၊ လူပန်း ဖြစ်ခဲ့ရပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ပေါလ်အီရာဟာ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးညမှာ နောက်ရည်းစားနဲ့ ချိန်းတွေ့ဖို့အတွက် ပြန်ပေးဆွဲခံရသယောင် ချစ်သူကို လိမ်ညာခဲ့တာပါ။

ပေါလ်အီရာရဲ့ နောက်ရည်းစားက ပြန်ပေးသမားဟန်ဆောင်ပြီး သူ့ချစ်သူထံ မက်ဆေ့ပို့ခဲ့ပါတယ်။ ဒီမက်ဆေ့ထဲမှာ ” ပေါလ်ကို ငါ့ဆီ လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်နေ့မနက်အထိ သူ့ကို ငါတို့ခေါ်ထားမယ်။ ငါတို့တောင်းတဲ့ငွေ သူပေးတဲ့အချိန်အထိပေါ့”လို့ ရေးထားတာပါ။

ဒီမက်ဆေ့ကို တွေ့ပြီး စိုးရိမ်ထိတ်လန့်သွားတဲ့ ပေါလ်အီရာရဲ့ ချစ်သူက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေက ပေါလ်အီရာရဲ့ ရှာဖွေဖို့ နာရီ ၂၀၀ စာနဲ့ ညီမျှတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ရပြီး ငွေကုန်ကြေးကျနဲ့တွက်ရင်တော့ ဒေါ်လာ ၂၅၀၀၀ လောက် ကုန်ကျစရိတ် ရှိခဲ့ပါတယ်။ နောက်နေ့မနက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက ပေါလ်အီရာရဲ့ ဗန်ကားကို တွေ့ခဲ့ပြီး ဗန်ကားပေါ်မှာ နောက်ရည်းစားလည်း ရှိနေခဲ့ပါတယ်။

သူ့ကို အရှေ့အလယ်ပိုင်းကလို့ ထင်ရတဲ့ လူတွေက ပြန်ပေးဆွဲခဲ့တယ်ဆိုပြီး လိမ်ညာခဲ့ပေမဲ့ သူ့စကားတွေက ရှေ့နောက်မညီလို့ ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ နောက် ၁၂ ရက် အကြာမှာတော့ တခြားသူတစ်ယောက်ကို ဖမ်းဆီးအောင် လိမ်ညာပြောဆိုမှုနဲ့ ပေါလ်အီရာကို စွဲချက်တင် ဖမ်းဆီးခဲ့ပါတယ်။ ဒီစွဲချက်ဟာ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး ပေါလ်အီရာက လိမ်ညာပြောဆိုမိခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့လို့ ထောင်ဒဏ် ချမှတ်ခံရမယ့်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ဒဏ်ငွေ သြစတြေးလျဒေါ်လာ ၁၆၂၁၈ ပေးဆောင်ရမှာဖြစ်ပြီး အများအကျိုးပြု လုပ်ငန်းတွေမှာ နာရီ ၃၅၀ ကြာ ပါဝင်လုပ်ဆောင်ဖို့ ချမှတ်ခံခဲ့ရပါတယ်။

Ref: Man Fakes His Own Kidnapping to Hide Infidelity from Girlfriend

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top