ပြီးခဲ့တဲ့ ဗုဒ္ဂ္ဓဟူးနေ့ကစတင်ပြီး (၂) ရက်ကြာတိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ဒိုရိန်း (Hurricane Dorian) ကြောင့် ဘဟားမားစ်နိုင်ငံမြောက်ပိုင်းက Abacos ကျွန်းစုတွေနဲ့ Grand Bahama မှာ နေအိမ်ပေါင်းထောင်ချီပျက်စီးသွားခဲ့ရပြီး လူသေဆုံးမှုတွေလည်းရှိလာခဲ့ပါတယ်။ လက်ရှိအချိန်အထိမှာ သေဆုံးသူဦးရေ (၃၀) ထိရှိလာပြီလို့လည်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
ဘဟားမားစ်ဝန်ကြီးချုပ် ဟူဘတ် မင်းနစ် (Hubert Minnis) က သေဆုံးမှုတွေက ဒီထက်ပိုများလာနိုင်သေးပြီး အကြီးအကျယ်ထိခိုက်ပျက်စီးမှုကို ဖြစ်စေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
လူဦးရေရာချီ ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသူတွေတဲ့ရုပ်အလောင်းတွေသိမ်းဆည်းနိုင်ဖို့အတွက် ရုပ်အလောင်းထည့်စရာအိတ်တွေ၊ အအေးခံသေတ္တာတွေနဲ့ ဈာပနကိစ္စဆောင်ရွက်သူပေးမယ့်သူတွေကိုလည်း မုန်တိုင်းဒဏ်သင့်ဒေသတွေထံ ပို့ဆောင်ပေးထားပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Dr. Duane က ဆိုခဲ့ပြီး ကုလသမဂ္ဂအရာရှိတစ်ဦးက လက်ရှိအချိန်အတွင်း ဘဟားမားစ်နိုင်ငံမြောက်ပိုင်းမှာ အကူအညီရရှိဖို့လိုအပ်နေတဲ့သူ (၇၀၀၀၀) ခန့်ရှိနေဆဲဖြစ်ကြောင်း ဂါးဒီယန်းသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Ref: CGTN “Death toll rises to 30 after devastating Hurricane Dorian hits Bahamas”
TH (ရိုးရာလေး)