Titan ရေငုပ်သင်္ဘောငယ် ပေါက်ကွဲခဲ့ပြီး လိုက်ပါသွားသူ ၅ ဦးလုံး သေဆုံးပြီလို့ ဆုံးဖြတ်

22.6.2023-yyl-20.jpg

တိုင်တန်းနစ်သင်္ဘောပျက်ကို သွားကြည့်တဲ့ ရေငုပ်သင်္ဘောငယ်ဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လိုက်ပါလာသူ ၅ ယောက်လုံး သေဆုံးသွားပြီလို့ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က တိုင်တန်းနစ်သင်္ဘောပျက်ရဲ့ သင်္ဘောဦးပိုင်းကနေ ပေ ၁၆၀၀ အကွာမှာ Titan ရေငုပ်သင်္ဘောငယ်ရဲ့ အစိတ်အပိုင်း ၅ ခုကို တွေ့ရှိခဲ့ပါတယ်။ အဝေးထိန်း ရေအောက်ရှာဖွေရေးယာဉ်က ဒီအစိတ်အပိုင်းတွေကို တွေ့ခဲ့တာပါ။

Titan ရေငုပ်သင်္ဘောငယ် အဆက်အသွယ်ပြတ်သွားပြီးနောက်မှာ အမေရိကန်ရေတပ်က ပေါက်ကွဲသံတစ်ခု ကြားလိုက်ရတယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ထံ သတင်းပို့ခဲ့ပါတယ်။ Titan ရေငုပ်သင်္ဘောငယ် ဘာကြောင့် ပေါက်ကွဲသွားတာလဲ၊ ဘယ်အချိန်မှာ ပေါက်ကွဲခဲ့တာလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အပျက်အစီး အပိုင်းအစတွေကို ခွဲခြမ်းစိတ်ဖြာကြည့်မှပဲ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်မှာပါ။

Titan ရေငုပ်သင်္ဘောငယ်ပေါ်မှာ OceanGate ကုမ္ပဏီ (တိုင်တန်းနစ်သင်္ဘောပျက်ကို သွားကြည့်တဲ့ ရေအောက်ခရီးစဉ် စီစဉ်သည့်ကုမ္ပဏီ) စီအီးအို စတော့တန်ရက်ရှ်၊ ဗြိတိန်- ပါကစ္စတန် စီးပွားရေးသမား ရှာဇာဒါဒါဟုဒ်နဲ့ ၁၉ နှစ်အရွယ် သားဖြစ်သူ ဆူလီမန်၊ ဗြိတိန် စီးပွားရေးသမား ဟာမစ်ရှ်ဟာဒင်း၊ ပြင်သစ်ရေတပ်ရဲ့ ရေငုပ်သမားဟောင်းတစ်ဦးဖြစ်တဲ့ နာမည်ကျော် စွန့်စားသွားလာသူ နာဂီယိုလတ်တို့ လိုက်ပါခဲ့တာပါ။

Ref: Five dead on Titan sub were ‘true explorers’ – OceanGate

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top