ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်ခင်းပိုင်းသောက်စရာအရည်များ

yyl69041.jpg

ကျွန်တော်တို့လူသားတွေက အိပ်စက်ချိန် (၆) နာရီ၊ (၇) နာရီလောက် ရှိတာကြောင့် မနက်ခင်းမှာ ရေဓာတ်ကုန်ခန်းပြီး နိုးထလာရပါတယ်။ အဲဒါကြောင့် မနက်ခင်း အိပ်ရာထတာနဲ့ ကျွန်တော်တို့ အရင်ဆုံးလုပ်ရတဲ့အရာက ရေသောက်ပေးဖို့ပါပဲ။ မနက်ခင်းပိုင်းမှာ သောက်ပေးလို့ရတာက ရေအပြင် အခြားသောက်စရာအရည်တွေလည်းရှိပါတယ်။ အဲဒီဖျော်ရည်တွေကို မနက်ခင်းပိုင်းသောက်မယ်ဆိုရင် ရေဓာတ်ပြည့်ဝသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရရှိမှာပါ။ ကျန်းမာရေးအကျိူးကျေးဇူးတွေရှိတဲ့ မနက်ခင်းမှာ သောက်ပေးလို့ရတဲ့ သောက်စရာအရည်တွေက ဘာတွေလည်းဆိုတာ ကြည့်လိုက်ရအောင်…။

သံပုရာရည်

သံပုရာရည်ကတော့ ဖျော်ရတာလွယ်ကူတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတာကြောင့် မနက်ခင်းပိုင်းမှာ သောက်ပေးသင့်တဲ့ဖျော်ရည်ပါပဲ။ သံပုရာရည်မှာ ဗီတာမင်စီပါဝင်တာကြောင့် ခန္ဓာကိုယ်ကို လန်းဆန်းတတ်ကြွစေပါတယ်။

အုန်းရည်

သဘာဝအရည်တစ်မျိုးဖြစ်တဲ့ အုန်းရည်က ဇီဝဖြစ်စဉ်အားကောင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အစာအိမ်လေအောင့်ဖြစ်တဲ့အခါမှာလည်း အုန်းရည်က သက်သာအောင် ကူညီပေးပါတယ်။

ချင်းပြုတ်ရည်

ချင်းပြုတ်ရည်က မနက်ခင်းပိုင်းသောက်ရင် ကျန်းမာရေးကောင်းစေတဲ့အပြင် မအီမသာဖြစ်သလိုခံစားရရင်လည်း ပျောက်ကင်းအောင် ကူညီပေးပါလိမ့်မယ်။ ပြုလုပ်ရတာလည်း လွယ်ကူပါတယ်။ ရေနဲ့ ဂျင်းအနည်းငယ်ကိုရောပြီး ပြုတ်လိုက်ရုံပါပဲ။

လိမ္မော်ဖျော်ရည်

မနက်ခင်းအိပ်ရာနိုးလာတာနဲ့ လိမ္မော်ဖျော်ရည် သောက်ပေးလို့ရပါတယ်။ မနက်ခင်းကို လိမ္မော်ဖျော်ရည်လေးနဲ့ စတင်လိုက်မယ်ဆိုရင် ဗီတာမင်စီဓာတ်ကို ရရှိနေမှာပါ။

ဘယ်ရီ Smoothies

ဘယ်ရီသီးနဲ့ ပြုလုပ်ထားတဲ့ Smoothie တစ်ခွက်ကလည်း မနက်ခင်းပိုင်းထတာနဲ့ သောက်ပေးလို့ရပါတယ်။ ဘယ်ရီသီးက အန်တီအောက်စီဒန့်ဓာတ်ပါဝင်သလို ကျွန်တော်တို့လိုအပ်တဲ့ မရှိမဖြစ်အာဟာရဓာတ်များစွာလည်း ပါဝင်ပါတယ်။

Ref: TOI “Move Aside Water, These 7 Healthy Morning Drinks Will Get You Going”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top