ဘယ်သူမဆို အားကျလောက်တဲ့အလုပ်အကိုင်မျိုးကို လုပ်ကိုင်နေတဲ့အမျိုးသမီး

iPiccy-collage.jpg

ဆော်ရဲလ်ရယ်လ် အမိုရီ (Sorelle Amore) ဆိုတဲ့အမျိုးသမီးဟာ ကမ႓ာအနှံ့အပြားကိုခရီးသွားပြီး ဓာတ်ပုံတွေရိုက်ကူးရင်း စာရေးကာ ခရီးသွားဗဟုသုတမျှဝေတဲ့ အလုပ်ကိုလုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။ သူ(မ)ဟာ Third Home ကပေးအပ်တဲ့ Best Job On the Planet ကမ႓ာ့အကောင်းဆုံးအလုပ်အကိုင်ဆုကိုလည်း အားကျစရာကောင်းလောက်အောင် ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ကမ႓ာပေါ်က ရင်သပ်ရှူမောဖွယ်နေရာတွေကိုသွားရောက်လည်ပတ်ပြီး မှတ်တမ်းတင်ဓာတ်ပုံတွေရိုက်ကူးရင်း တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အမှတ်တရတွေစုဆောင်းဖို့က သူ(မ)ရဲ့ ပင်မအလုပ်အကိုင်ပါ။ ကျွန်တော်တို့တွေ သွားဖို့စိတ်ကူးထားတဲ့ အိပ်မက်ထဲကနေရာတော်တော်များများကိုလည်း အသက် (၂၈) နှစ်ရှိပြီဖြစ်တဲ့ အမိုရီကရောက်ဖူးပြီးသား ဖြစ်နေပါပြီ။

အမိုရီရဲ့အလုပ်ဟာ ခရီးထွက်နေဖို့သာဖြစ်ပြီး ဒီလိုခရီးထွက်တဲ့ခရီးစရိတ်အဖြစ် ငွေသားတစ်ပြားတစ်ချပ်မှတောင် ကုန်ကျခြင်းမရှိပါဘူး။ ဆိုလိုရင်းကတော့ သူ(မ) ဒီလိုခရီးထွက်နိုင်ဖို့ကို ကမ႓ာအနှံ့အပြားက ထောက်ပံ့ပေးနေကြတာပဲ ဖြစ်ပါတယ်။

Third Home ရဲ့ပြောပြချက်အရ ဒီဆုကိုပိုင်ဆိုင်ထားတဲ့သူဟာ ခရီးသွားဆောင်းပါးတွေ၊ ဓာတ်ပုံတွေနဲ့ ဗဟုသုတတွေကို ဝေမျှပေးနိုင်သူဖြစ်တဲ့အပြင် ဒေါ်လာသန်းနဲ့ချီတဲ့ ဇိမ်ခံအိမ်ကြီးတွေမှာလည်း နေထိုင်ခွင့်ရဦးမယ်လို့ ဆိုပါတယ်။ အမိုရီရဲ့ တစ်လတာဝင်ငွေကတော့ ဒေါ်လာ (၁၀,၀၀၀) နီးပါးရှိတဲ့အပြင် သူ(မ) သုံးလလောက်ခရီးထွက်နေဖို့အတွက် ကုန်ကျစရိတ်ကလည်း အသာလေးပဲလို့ ဆိုပါတယ်။

Ref: Elitereaders “Meet The Woman With The ‘Best Job’ In The World”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top