နွေရာသီမှာ ပျိုမေတို့အတွက် ဖက်ရှင်ကျကျခရီးသွားနိုင်မယ့် နည်းလမ်း (၆) ခု

2-6-2020-yyl-028.jpg

အထူးသဖြင့် ကားနဲ့ခရီးသွားတဲ့အခါမျိုးမှာ ခရီးရှည်ဖြစ်ဖြစ်၊ ခရီးတိုဖြစ်ဖြစ် စတိုင်ကျကျနေဖို့ အနည်းငယ်ခက်ခဲလှပါတယ်။ (၃) နာရီထက်ပိုတဲ့ ကားလမ်းခရီးသွားတဲ့အခါမျိုးမှာ သက်တောင့်သက်တာဖြစ်နေစေဖို့နဲ့ ကားပြင်ထွက် အကြောဆန့်တဲ့အခါမျိုးမှာ ကိုယ့်အပြင်အဆင်ကြောင့် ရှက်ကိုးရှက်ကန့်ဖြစ်မနေစေဖို့ လိုက်နာရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဖိနပ်ပါး

နာရီများစွာ ကားပေါ်စီးနင်းလိုက်ပါရုံနဲ့ ခဏတဖြုတ် ကော်ဖီတစ်ခွက်လောက် ကားရပ်နားချိန်ဆင်းဝယ်ရုံအတွက်တော့ ဆွဲဆောင်မှုရှိတဲ့ ဖိနပ်မြင့်ကြီးတွေ စီးသွားဖို့မလိုအပ်ပါဘူး။ သက်တောင့်သက်သာရှိပြီး ချစ်စရာလည်းကောင်တဲ့ ဖိနပ်မျိုးလောက် ဝတ်ဆင်ရုံနဲ့ လုံလောက်ပါတယ်။

၂။ လက်ကိုင်အိတ်ကြီး

ပစ္စည်းသေးသေးမွှားမွှားလေးတွေလောက်ပဲ ထည့်လို့ဝင်တဲ့အိတ်မျိုး မယူသွားပါနဲ့။ မိတ်ကပ်ပစ္စည်းတွေကစလို့ ဆံပင်စည်းကြိုးနဲ့ လက်သန့်စင်ဆေးရည်တွေအထိ မျိုးစုံထည့်လို့ရတဲ့ အိတ်ကြီးကြီးမျိုးကို ယူသွားပါ။ ရုတ်တရက် လိုအပ်တတ်တဲ့ပစ္စည်းတွေဖြစ်ပြီး ခရီးဆောင်လက်ဆွဲသေတ္တာအိတ်ထဲထည့်လိုက်၊ ထုတ်လိုက်လုပ်လို့မလွယ်တဲ့ အရာတွေဖြစ်တဲ့ ဖုန်း၊ ပေါင်ဒါ၊ နှုတ်ခမ်းနီ၊ တစ်ရှုး၊ မှတ်စုစာအုပ်၊ ဘောပင်၊ ပိုက်ဆံအိတ်သေး၊ ဆံပင်စည်းကြိုး၊ နေကာမျက်မှန်၊ ဖုန်းဘက်ထရီ နဲ့ ပီကေ၊ သကြားလုံးတွေကအစ ထည့်သလောက် ဝင်နိုင်မယ့်အိတ်မျိုးကိုသာ ဆောင်သွားပါ။

၃။ အနက်ရောင် အသားကပ်ဘောင်းဘီ

နာရီများစွာ ကားပေါ်ထိုင်ရတဲ့ခရီးမှာ သက်တောင့်သက်သာဖြစ်စေဖို့အတွက် ဂျင်းနဲ့ တခြားဘောင်းဘီရှည်တွေအစား အသားကတ်ဘောင်းဘီတွေကိုသာ ဝတ်သွားစေချင်ပါတယ်။ အသားကပ်ဘောင်းဘီတွေဟာ ညောင်းညာတဲ့အခါ ခြေထောက်ကွေးရဆန့်ရ လွယ်ကူပြီး ပေါင်ပေါ်လက်တော့ပ်တင်ဖို့လည်း အဆင်ပြေပါတယ်။ ပြီးတော့ သင့်ရဲ့ ခြေတံတွေကိုပိန်သွယ်တယ်လို့ ထင်ရစေရုံသာမက မတော်တဆအညစ်အကြေးစွန်းထင်သွားတဲ့ အခါတွေမှာလည်း မသိသာစေလို့ပ ဖြစ်ပါတယ်။

၄။ ခြုံပဝါ

ဒီလိုပူအိုက်တဲ့ နွေရာသီမျိုးမှာ ခြုံပဝါမလိုပေမယ့်လည်း ကားပေါ်ရောက်လို့ လေးအေးပေးစက်ကြောင့် အေးလာတဲ့အခါမျိုးမှာတော့ ခြုံပဝါက လိုကောင်းလိုလာပါတယ်။ ခြုံပဝါတွေဟာ သင့်ခရီးစဉ်တလျှောက် အထာကျကျဖက်ရှင်ကျနိုင်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ အရမ်းပူလာတဲ့အခါမျိုးမှာ ဖယ်ထားပြီး အေးလာလို့အနွေးဓာတ်လိုအပ်လာတဲ့အခါမျိုးမှာ ပေါ့ပေါ့ပါးပါးနဲ့ အနွေးဓာတ်ရအောင် ပြုလုပ်ပေးနိုင်တာက ခြုံပဝါတွေရဲ့အားသာချက်ပဲ ဖြစ်ပါတယ်။

၅။ နေကာမျက်မှန်

ကားပေါ်မှာ နာရီပေါင်းများစွာအချိန်ကုန်ခဲ့တဲ့အတွက် သင့်ရဲ့မျက်လုံးတွေက မောပန်းနွမ်းနယ်လာနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နေကာမျက်မှန်တွေက သင့်ရဲ့ပင်ပန်းလို့ အားလျော့နေတဲ့မျက်လုံးတွေကို ဖုံးအုပ်ပေးထားနိုင်ပါတယ်။ လေယာဉ်နဲ့ခရီးသွားတဲ့အခါမျိုးမှာလည်း နေကာမျက်မှန်ကိုမေ့ထားလို့ မရပါဘူး။

၆။ ဆံပင်စည်းထားပါ

သုံးနာရီနဲ့အထက် သွားရမယ့်ခရီးတွေအတွက် ဆံပင်မစည်းပဲသွားဖို့ရာ ခက်ခဲပါတယ်။ ဖွင့်လိုက်၊ ပိတ်လိုက်ဖွင့်လိုက်ပြတင်းပေါက်တွေကနေ တိုးတဲ့လေတွေကြောင့် ဆံပင်တွေမျက်နှာကိုမရိုက်စေချင်ဘူးဆိုရင်တော့ စည်းထားတာအကောင်းဆုံးပါ။ ဒီတိုင်းရိုးရိုးစည်းတာမျိုးပဲဖြစ်ဖြစ်၊ ဆံတုံးထုံးစည်းတာမျိုးပဲဖြစ်ဖြစ် ဝတ်မယ့်အဝတ်အစားနဲ့ လိုက်ဖက်တဲ့ပုံစံမျိုးကိုသာ ရွေးချယ်စည်းနှောင်သွားပါ။ လည်ချောင်းကွဲမတတ် သီချင်းတွေအော်ဆိုရင်း (၇) နာရီအထက်ခရီးသွားမယ်ဆိုရင်တောင်မှ ဆံပင်ကြောင့် အလှမပျက်စေပဲ ရှိရင်းစွဲအတိုင်းသင့်ကို လှပနေစေနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အခုပြောပြပေးခဲ့တဲ့အချက် (၆) ချက်ဟာ သင့်ရဲ့နွေရာသီခရီးစဉ်ကို ဖက်ရှင်ကျကျနဲ့ သက်တောင့်သက်တာဖြစ်စေပြီး ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးပံ့ပိုးပေးနိုင်မယ့် အချက်တွေပဲဖြစ်ပါတယ်။

Ref: Pinterest “6 tips to help you stay stylish on a road trip”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top