Race 4 ဇာတ်ကားသစ်အတွက် ပါဝင်မယ့်သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုများရှိနေ

s4.jpg

Race 4 ဘောလိဝုဒ်ဇာတ်ကားအသစ်မှာ ပါဝင်မယ့်သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုထွက်ပေါ်လျက်နေတာပါ။ ရုပ်ရှင်ထုတ်လုပ်သူတွေက လက်ရှိမှာ မင်းသား ဆာအစ်ဖ် အလီခန်းနဲ့ မင်းသားဆစ်ဟတ်မယ်လ်ဟိုထရာတို့ကို ဇာတ်ကားအတွက် စဉ်းစားနေတဲ့ သရုပ်ဆောင်တွေဖြစ်တယ်လို့တော့အတည်ပြုထားပါတယ်။

တရားဝင်ထုတ်ပြန်ချက်မှာ Race လေးကားမြောက်အတွက် ဇာတ်ညွှန်းရေးနေဆဲဖြစ်ပြီး အခုထိ မင်းသား၊ မင်းသမီးတွေကို မရွေးချယ်ရသေးဘူးလို့ ဆိုထားပါတယ်။ “လက်ရှိမှာRace 4 အတွက် မင်းသား ဆာအစ်ဖ် အလီခန်းနဲ့ မင်းသားဆစ်ဟတ်မယ်လ်ဟိုထရာတို့နဲ့ ဆွေးနွေးနေတုန်းပါပဲ။ သတင်းအမှားတွေမလုပ်ကြဖို့နဲ့ ကျွန်တော်တို့ရဲ့ PR Team က တရားဝင်ထုတ်ပြန်ချက်ကို စောင့်ကြဖို့ မီဒီယာနဲ့ လူမှုကွန်ယက်ပလက်ဖောင်းတွေကို တောင်းဆိုပါတယ်”လို့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Race 1 နဲ့ Race 2 မှာ မင်းသား ဆာအစ်ဖ် အလီခန်း ပါဝင်ခဲ့ပီး Race 3 မှာ ဆယ်လ်မန်ခန်းပါဝင်ခဲ့တာပါ။ ဆာအစ်ဖ် အလီခန်က လက်ရှိမှာ Jewel Thief: The Heist Begins ဇာတ်ကား ထွက်ရှိဖို့ ပြင်ဆင်နေပြီး ဆစ်ဟတ်မယ်လ်ဟိုထရာကတော့ Param Sundari ဇာတ်ကား ရိုက်ကူးနေပါတယ်။

Ref: Race 4 casting rumours addressed as only Saif, Sidharth approached

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply