Lockdown အတွင်း ကျောင်းသားလေးရဲ့ အိမ်စာကြောင့် ထိုင်းဆရာမ အံ့အားသင့်ခဲ့ရ

12-6-2020-yyl-019.jpg

COVID-19 ကာလတွေမှာ ကမ္ဘာ့တစ်ဝှမ်းက စာသင်ကျောင်းတွေကို ပိတ်ထားရတာ လူတိုင်းအသိပါပဲ။ အခုဆိုရင် COVID-19 ကပ်ရောဂါကို မငြိမ်သေးတဲ့အတွက် ပုံမှန်ဖွင့်နေကျရက်၊ လအတိုင်းတောင် ကျောင်းတွေကို ဖွင့်ခွင့်မရသေးပါဘူး။ Lockdown ကာလတွေတုန်းက ထိုင်းနိုင်ငံက ဆရာမတွေက ကျောင်းသား/သူတွေကို သင်ခန်းစာတွေ သင်ယူရဖို့၊ အိမ်စာတွေလုပ်ကြဖို့ သူတို့ရဲ့အိမ်တွေကို ကိုယ်တိုင်သွားရောက်ခဲ့ကြတာပါ။ ဆရာမတစ်ယောက်ဆိုရင် ကျောင်းသား/သူတွေ လုပ်ထားတဲ့အိမ်စာတွေကို သွားယူတဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေကို မျှဝေထားပါသေးတယ်။

အဲဒီဆရာမဆိုရင် အိမ်စာတွေ သွားယူတဲ့အချိန်မှာ သူ့ကျောင်းသား/သူတွေထဲက တစ်ဦးရဲ့ ချစ်စရာ အခိုက်အတန့်လေးနဲ့ ကြုံတွေ့ခဲ့ရတဲ့အပြင် ကျောင်းစာတွေပြီးသွားရင် သူတို့အချိန်တော်တော်များများကို ဘယ်လိုကုန်ဆုံးပြီး ပျော်ရွှင်ကြလဲဆိုတာပါ တွေ့ခဲ့ရပါတယ်။ Nakhon Pathom ပြည်နယ်က Baan DonYang Tungnoi ကျောင်းရဲ့ဒါရိုက်တာ ဝမ်သီဒါ ဝန်ဆာချန်ဟာ ဖေ့စ်ဘွတ်ပေါ်မှာ ကျောင်းသား/သူတွေရဲ့ ဇာတ်လမ်းလေးတွေကို မျှဝေထားပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ဇာတ်လမ်းလေးကတော့ ဆရာမတစ်ယောက် သူ့အိမ်ကို သွားလည်တဲ့အခါမှာ အဲဒီကျောင်းသားလေးမိဘရဲ့ ချစ်စရာကောင်းတဲ့ စာတစ်စောင်နဲ့ ကြိုဆိုနှုတ်ဆက်ခံခဲ့ရတာပါပဲ။ အဲဒီစာလေးမှာ “ဒါက အိမ်စာပါပဲ။ ကျွန်မရဲ့ကလေးတွေကို လယ်ကွင်းထဲခေါ်သွားပါတယ်” လို့ ရေးသားထားပါတယ်။ ပြောချင်တာက အဲဒီကျောင်းသားလေးရဲ့အိမ်စာက မိဘတွေကို လယ်ထဲကူညီပေးတာပါပဲ။

ဒီစာကို ဖတ်ပြီးတဲ့နောက်မှာ သူ့ကျောင်းသားကို သွားကြည့်လိုက်တော့ သဘာဝတရားတွေ ဝန်းရံနေတဲ့ လယ်ကွင်းထဲမှာ မိဘတွေနဲ့ အတူတူအလုပ်လုပ်နေပြီး ပျော်ရွှင်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ကလေးတွေက လယ်ကွင်းထဲမှာ အလုပ်ကူလုပ်တာအပြင် ငါးဖမ်းဖို့လည်း ငါးဖမ်းပိုက်တွေတောင် ယူလာခဲ့တဲ့ပုံပါပဲ။

ဒီမြင်ကွင်းက အရမ်းကြည်နူးဖို့ကောင်းပြီး ကျေးလက်တောရွာတွေမှာ မတူတဲ့ဘဝတွေက ဘယ်လိုတွေလဲဆိုတာ ပြောပြနေတာဖြစ်ပါတယ်။ ဘန်ကောက်မြို့အပြင်ဘက်က လူတွေက အမြဲလိုလို မိသားစုတစ်စုနဲ့တစ်စု ပိုရင်းနှီးပြီး အချင်းချင်းလည်း ပိုသိကြပါတယ်။ အထူးသဖြင့် ရွာတစ်ရွာတည်းမှာပဲ နေထိုင်ကြတဲ့ အိမ်နီးချင်းတွေပါ။

ကျေးလက်ဒေသတွေမှာ စိုက်ပျိုးရေးက မိသားစုတွေအတွက် ဝင်ငွေရတဲ့ အဓိက အရင်းအမြစ်ပါပဲ။ ဒါကြောင့် အဲဒီလိုရွာတွေက ကလေးတွေက သူတို့အနာဂတ်အတွက် အရေးကြီးတဲ့ ပညာရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ အတတ်ပညာနှစ်ခုလုံးကို လိုအပ်ကြပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအပါအဝင် တချို့နိုင်ငံတွေက ကျောင်းတွေက မကြာခင် ပြန်ဖွင့်တော့မှာပါ။ ဇူလိုင်လမှာ ပြန်ဖွင့်ဖို့တော့ စီစဉ်နေကြပါတယ်။

Ref: Thai Teacher Shares Heartfelt Account Of Students Who Help Parents In Paddy Field During Lockdown

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top