ဂရင်းစလင်းဆုဖလား ၂၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်တင်းနစ်ဂန္ထဝင် နာဒယ် အနားယူပြီ

11.10.2024-yyl-5.jpg

ဂရင်းစလင်းဆုဖလား ၂၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်တင်းနစ်ဂန္ထဝင် ကစားသမား ရာဖေးနာဒယ်ဟာ ပရော်ဖက်ရှင်နယ် တင်းနစ်သမားအဖြစ်ကနေ အနားယူသွားခဲ့ပါပြီ။ တင်းနစ်သမိုင်းတစ်လျှောက် မြေစေးကွင်းနိုင်ပွဲ အများဆုံးရရှိနိုင်ခဲ့တာကြောင့် မြေစေးကွင်းဘုရင်လို့ တင်စားခံခဲ့ရတဲ့ နာဒယ်ဟာ အနားယူချိန်မှာ အသက် ၃၈ နှစ်အရွယ် ရှိပါပြီ။

နာဒယ်ဟာ ဆားဗီးယားတင်းနစ်သမား ဂျိုကိုဗစ်ပြီးရင် ဂရင်းစလင်းဆုဖလား အများဆုံးရသူစာရင်းမှာ အဆင့်(၂) ချိတ်သူပါ။ ” ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။ အရာရာတိုင်းမှာ အစရှိရင် အဆုံးရှိစမြဲပါပဲ။ ကျွန်တော့်အတွက် အနားယူချိန်တန်ပြီလို့ ထင်ပါတယ်။ အထူးသဖြင့် နောက်ဆုံး ၂ နှစ်က ကျွန်တော့်အတွက် တော်တော်ခက်ခဲခဲ့ပါတယ်”လို့ နာဒယ်က ဆိုပါတယ်။

နာဒယ်ဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ လွှမ်းမိုးမှုအကြီးမားဆုံးဖြစ်ခဲ့တဲ့ကာလကတော့ ၂၀၀၅ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ၁၇ နှစ်တာကာလမှာ ဆုဖလား ၁၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါပဲ။

Ref: Rafael Nadal retires
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top