အနှစ် (၂၀) လုံး နေ့တိုင်း Pepsi ဗူး (၃၀) ကို စွဲစွဲမြဲမြဲသောက်ခဲ့သူ

20-6-2022-yyl15.jpg

စူပါမားကတ်ဝန်ထမ်း အန်ဒီ ကာရီဟာ အချိုရည်နဲ့ပတ်သက်လာရင် တစ်နှစ်ကို ပေါင် ၇၀၀၀ အကုန်ကျခံကာ တစ်နေ့ ၉ လီတာလောက် သောက်ခဲ့တာပါ။ သူက အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို သကြား ၈၀၀၀ ကီလိုဂရမ်နီးပါးရှိတဲ့ Pepsi ဗူး (၂၁၉၀၀၀) ကို သောက်ခဲ့ပါတယ်။ နှစ် (၂၀) လုံး နေတိုင်း သောက်ခဲ့တာလို့ သိရပါတယ်။

သူက Pepsi အချိုရည်အေးအေးလေးရဲ့အရသာကို အမြဲ ကြိုက်နှစ်သက်ခဲ့တာပါ။ ဘယ်အရာကမှ အဲဒီအချိုရည်ကို အစားမထိုးနိုင်ဘဲ မသောက်ရမနေနိုင်ဖြစ်ခဲ့ပါတယ်။ အန်ဒီက ညဘက် အလုပ်လုပ်ရတဲ့အတွက် အလုပ်ဆက်လုပ်နိုင်ဖို့ သကြားဓာတ်ပါတဲ့ Pepsi အချိုရည်ကို အမြဲကြိုက်ခဲ့တာပါ။

သူက Tesco စူပါမားကတ်မှာ အလုပ်လုပ်တာကြောင့် အလုပ်ပြီးတာနဲ့ အဲဒီအချိုရည်ကို ချက်ခြင်းဝယ်ယူလို့ရပါတယ်။ ဝယ်ယူပြီးတာနဲ့ အိမ်ကို သယ်သွားပါတယ်။ Pepsi အချိုရည်အတွက် တစ်နေ့ကို ပေါင် ၂၀ ကုန်ကျပါတယ်။ သူကတော့ ပြောရှာပါတယ်။ Pepsi အတွက် သုံးတဲ့ ငွေပမာဏက နှစ်တိုင်း ကားတစ်စီးဝယ်ယူလို့ရနိုင်တယ်တဲ့။

အန်ဒီကာရီ

ဒါပေမဲ့ သူက Pepsi မသောက်ရမနေနိုင်ပါဘူး။ အိပ်ရာနိုးတာနဲ့ ရေခဲသေတ္တာဆီသွားပြီး Pepsi ကို သောက်ပါတယ်။ တစ်နေ့လုံး အဲဒါကို သောက်တယ်။ မင်္ဂလာပွဲနဲ့ မွေးနေ့ပွဲတွေသွားရင်လည်း အခြားသူတွေ ရှန်ပိန်သောက်နေတဲ့အချိန် သူက Pepsi အချိုရည်ပဲ သောက်နေခဲ့ပါတယ်။အန်ဒီ ဆီးကျောက် (၁၉) ခုတည်တဲ့အချိန် ဆီးချိုရောဂါဖြစ်လာနိုင်ခြေများတယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပါတယ်။ လေ့ကျင့်ခန်းနဲ့ အစာရှောင်တာတွေလုပ်ခဲ့အတွက် ဆီးကျောက် (၂) ခုတော့ ပျောက်သွားပေမဲ့ သူက Pepsi သောက်တာကိုတော့ မရပ်တန့်နိုင်သေးပါဘူး။

လန်ဒန်အခြေစိုက်ကုထုံးပညာရှင်နဲ့ စိတ်ညှို့ပညာရှင် ဒေးဗစ် ကီလ်မာရီနဲ့ တွေ့ဆုံတဲ့အချိန်မှာတော့ အခြေအနေတွေ ပြောင်းလဲလာခဲ့ပါတယ်။ အွန်လိုင်းအိပ်မွေ့ချကုသခြင်းတစ်ခုကို ခံယူပြီးတဲ့နောက်မှာ အန်ဒီက သက်သာပျောက်ကင်းခဲ့ပြီး ဆယ်စုနှစ် (၂) ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ရေသောက်ဖြစ်ခဲ့ပါတယ်။ (၄) ပတ်အကြာမှာ နောက်ထပ်ဆီးကျောက်တွေ ပျောက်သွားခဲ့ပြီး သိသိသာသာ ပိုပြီးကျန်းမာလာခဲ့ပါတယ်။

အနှစ် ၂၀ လုံး နေ့တိုင်း Pespi ဗူး ၂၀ သောက်ခဲ့တဲ့ အန်ဒီကာရီ

“ဒေးဗစ်က ကျွန်တော့်ကို အွန်လိုင်းမှာတွေ့ပြီး မိနစ် (၄၀) လောက် စိတ်ညှို့ပေးခဲ့ပါတယ်။ ကျွန်တော် သူပြောခဲ့တာကို မသိပေမဲ့ နောက်ပိုင်းကျတော့ Pepsi ကို မသောက်ချင်တော့ဘူး။ အိပ်မွေ့မချခင် ကျွန်တော့် ရေခဲသေတ္တာထဲမှာ Pepsi ဗူး (၂) ဗူးကျန်နေသေးတယ်။ ဒါပေမဲ့ ကျွန်တော် သောက်ဖို့ အချိန်မရခဲ့ဘူး။ ကျွန်တော် တစ်လလုံး အချိုရည်ကို ထိတောင်မထိခဲ့ဘူး။ သောက်ဖို့လည်း အစီအစဉ်မရှိခဲ့ဘူး။ အခုဆို ရေကို ပိုကြိုက်တယ်။ကျွန်တော့်ဇနီး ဆာရာက ပြောတယ်။ ကျွန်တော့်အသားရေ ပိုကောင်းလာတယ်။ကျွန်တော် ခွန်အားတွေ ပိုရလာတယ်။ အခု ကျွန်တော် လမ်းလျှောက်ရတာ ကြိုက်တယ်။ နွေရာသီကျရင် Snowdon တောင်ကို တက်ဖို့ ကျွန်တော်နဲ့ကျွန်တော့်ဇနီး စီစဉ်နေပါတယ်”လို့ အန်ဒီက ဆိုပါတယ်။

Pespi ဗူးတွေနဲ့ မြင်တွေ့ရတဲ့ အန်ဒီ ကာရီ

ဒေးဗစ်ကဆိုရင် အန်ဒီက တစ်နေ့ကို Pepsi လီတာ အများကြီးသောက်တယ်ဆိုတာ သိရတော့ ထိတ်လန့်သွားခဲ့တယ်။ သူ ကြားဖူးသမျှထဲမှာ အဆိုးဆုံးသကြားစွဲလမ်းမှုပါပဲတဲ့။ Pepsi အချိုရည်ကို စွဲလမ်းမှုကြောင့် အန်ဒီက အဝလွန်တာ၊ စိုးရိမ်ပူပန်တာနဲ့ အသက်ရှုမဝတာကြောင့် စကားတွေထုတ်ပြောရတာ ခက်ခဲ့တယ်။ အဲဒီလိုစွဲလမ်းမှုမျိုးက အရမ်းအန္တရာယ်များပြီး အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေကို ကြီးမားတဲ့ ဖိအားတွေ ဖြစ်စေတယ်လို့ ဒေးဗစ်က ပြောပါတယ်။

“အန်ဒီက ဆီးချိုရောဂါအကြိုလက္ခဏာတွေဖြစ်ခဲ့ပြီး နှလုံးရောဂါ၊ ပန်ကရိယကင်ဆာတွေမဖြစ်ခင် မြန်မြန်ပြောင်းလဲပစ်ဖို့ လိုအပ်ခဲ့ပါတယ်။ အဲဒါက သူ့အတွက် အဆိပ်အတောက်ပါပဲ။ သူနဲ့အလုပ်လုပ်ပြီးကတည်းက သူ့ကို ရေနဲ့ ကျန်းမာရေးညီညွှတ်တဲ့အချိုရည်တွေသောက်တာ မြင်ရတော့ ကျွန်တော် ဝမ်းသာမိပါတယ်”လို့ ဒေးဗစ်က ဆိုပါတယ်။

Ref: Ladbible “Man Addicted To Pepsi Drank 30 Cans Every Day For 20 Years”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top